SJ WorldNews - шаблон joomla Авто

အမေရိကန်မှ ဓာတုပစ္စည်း တင်သွင်းမှုကို ပစ်မှတ်ထားခြင်းကြောင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ ပိုမိုဆိုးရွားလာ

Wednesday, 14 February 2018 10:11 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဖေဖော်ဝါရီ ၁၃

အမေရိကန်သည် ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ အလွန်အကျွံ ကာကွယ်ပေးထားကြောင်း တရုတ်က အမေရိကန်မှ ဓာတုပစ္စည်းတင်သွင်းမှုကို ပစ်မှတ်ထား၍ စွပ်စွဲပြောဆိုထားသဖြင့် စီးပွားရေး အင် အားကြီးနှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုမှာ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပိုမိုဆိုးရွားလာကြောင်း သိရသည်။ တရုတ်သည် သံမဏိပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများတွင် အမေရိကန်၏ လွန်ကဲ သောပြည်တွင်းလုပ်ငန်း ကာကွယ်မှုများအပေါ် စိုးရိမ်ပူပန်မိကြောင်း၊ အမေရိကန်အနေဖြင့် ကုန်သွယ်ရေး ဆိုင်ရာ ကန့်သတ်ချက်များကို အသုံးပြု၍ ထိန်းထိန်းသိမ်းသိမ်း ပြုလုပ်သင့်ကြောင်း တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက အစီရင်ခံစာတစ်စောင်တွင် ပြောသည်။ အမေရိကန်၏ သွင်းကုန်အပေါ် စည်းကြပ်ကောက်ခံသည့် အခွန်ငွေထက်ဝက်ကျော်မှာ သံမဏိပစ္စည်းများနှင့် ဆက်စပ်မှုရှိကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်၏ ပြည်တွင်းလုပ်ငန်းများကို ပြည်ပယှဉ်ပြိုင်မှုမှ အလွန်အကျွံ ကာကွယ်နေခြင်းသည် ဆိုးကျိုး သံသရာလည်သည့် အဖြစ်သို့ ရောက်နေကြောင်း ဝန်ကြီးဌာနမှ ကုန်သွယ်ရေး ကုစားမှုနှင့် စုံစမ်းစစ်ဆေး ရေးအဖွဲ့ညွှန်ကြားရေးမှူး ဝမ်ဟေကျန်းကဆိုသည်။ တရုတ်အစိုးရသည် အမေရိကန်ပြည်ထောင်စုမှ ဓာတုပစ္စည်းတင်သွင်းမှုနှင့် ပတ်သက်၍ ယခုကဲ့သို့ပြောဆို လိုက်ခြင်းဖြစ်ကြောင်း ၎င်းအစီရင်ခံစာတွင် ဖော်ပြ ထားသည်။ အမေရိကန်၊ တရုတ်(တိုင်ပေ)နှင့် တောင်ကိုရီးယားတို့သည် ပြည်တွင်း၌ ရောင်းမကုန်သော စတိုင်ရင်းဓာတုပစ္စည်းများကို ပြည်ပ၌ လျှော့ဈေးနှင့်ရောင်းချသည်ကို တွေ့ရကြောင်း ကုန်သွယ်ရေးဝန်ကြီး ဌာနက ဆိုသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ ပြည်တွင်းစတိုင်ရင်း ပစ္စည်းဈေးကွက်တွင် အထိနာမှုများရှိကြောင်း ၎င်းဌာနက ဆက်ပြောသည်။ တရုတ်အစိုးရက ကနဦးစုံစမ်းစစ်ဆေးချက်အရ ပြည်တွင်းသို့ ကုန်ပ စ္စည်း တင်သွင်းသူများကို ကုန်ပစ္စည်းများစုပုံခြင်း မပြုရန်အတွက် အာမခံငွေ ၅ ရာခိုင်နှုန်းမှ ၁ဝ ဒသမ ၇ ရာခိုင် နှုန်းအထိ ပေးရန်တောင်းဆိုထားသည်။

Read 56 times Last modified on Wednesday, 14 February 2018 10:19