မနီလာ ဖေဖော်ဝါရီ ၁၃
ဖိလစ်ပိုင်နိုင်ငံ၌ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေမဲ့ ပစ်သတ်မှုများနှင့် စပ်လျဉ်း၍ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး(ှုဃဃ)က စုံစမ်းစစ်ဆေး၍ အရေးယူဖွယ်ရှိသော်လည်း အစိုးရက လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ရပ်တန့်မည်မဟုတ်ကြောင်း သမ္မတရိုဒရီဂို ဒူတာတေက ထုတ်ပြန် လိုက်သည်။
သမ္မတ ဒူတာတေက ၎င်းအနေဖြင့် ရာထူး မှနုတ်ထွက်ရသည့်တိုင် အစိုးရက လုပ်ဆောင် နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ရပ်တန့်မည်မဟုတ်ဘဲ ဆက်လက်လုပ်ဆောင် မည်ဖြစ်ကြောင်း ဖေဖော် ဝါရီ ၁၂ ရက်တွင် စီဘူးစီးတီးမြို့၌ ကျင်းပသည့် အခမ်းအနား၌ ပြောခြင်းဖြစ်သည်။
အကယ်၍ မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို လုပ်ဆောင်ခြင်းကြောင့် ထောင်ဒဏ်ချမှတ်ခံ ရမည်ဆိုပါက ထောင်ဒဏ် ကျခံသွားမည်ဖြစ်ကြောင်း၎င်းက ဆက်ပြောသည်။ ဖိလစ်ပိုင်၌ အစိုးရက လုပ်ဆောင်နေသည့် မူးယစ်ဆေး ဝါးတိုက်ဖျက်မှုတွင် တရားမဝင်ပစ်သတ်မှုများ ဖြစ်ပေါ်နေသည်ဟူသော သတင်းများ ထွက်ပေါ်လာမှုကြောင့် ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပဏာမစစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဟု ICC က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းပြောဆိုပြီးနောက် ဒူတာတေက ယခုကဲ့သို့ပြောဆို လိုက်ခြင်း ဖြစ်သည်။
ထို့ပြင် အစိုးရက လုပ်ဆောင်နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုသည် ရဲတပ်ဖွဲ့ဝင် များ၏တရား နည်းလမ်း ကျသည့် စစ်ဆင်ရေး သာဖြစ်ပြီး ဖိလစ်ပိုင်ပြည်သူများအား အကာ အကွယ်ပေးရန် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ဒူတာတေက ပြောသည်။
သမ္မတဒူတာတေသည် မြို့တော်ဝန်အဖြစ် ၂၃နှစ်ကြာ ထမ်းဆောင်ခဲ့သည့် ဒါဗာအိုစီးတီး၌ တရားမဝင် သတ်ဖြတ်မှုကြောင့် လူ ၁၄ဝဝ သေဆုံးပြီး အစိုးရ၏ မူးယစ်ဆေးဝါး တိုက်ဖျက်မှုအတွင်း တစ်နိုင်ငံလုံး၌ လူ ၇ဝဝဝ ခန့်သေဆုံးကြောင်း ယခင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဝင်ဟောင်း ဆာဘီယိုက ပြောဆိုကာ ဒူတာတေ၏ မူးယစ်ဆေးဝါး တိုက်ဖျက်မှုနှင့်စပ်လျဉ်း၍ ICC အား သတင်း ပေးတိုင်ကြားခြင်း ဖြစ်သည်။
........