ဝါရှင်တန် ဖေဖော်ဝါရီ ၁၃
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် ကာလရှည်ကြာ စောင့်မျှော်ခဲ့သော ဒေါ်လာ ၁ ထရီလီယံခွဲ ကုန်ကျမည့် အခြေခံအဆောက် အအုံပြုပြင်ရေးနှင့် ပြန်လည် တည်ဆောက် ရေးအစီအစဉ်ကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည်။ အဆိုပါ အစီအစဉ်တွင် အဝေးပြေး လမ်းမကြီးများ၊ တံတားများ၊ လေဆိပ်များ၊ ဆိပ်ကမ်းများ၊ မီးရထားလမ်းများ၊ ရေပေးဝေမှုစနစ် များအပြင် အင်တာနက်ရရှိနိုင်သည့် ပမာဏ တိုးချဲ့မှုတို့ ပါဝင်သည်။
အဆိုပါအစီအစဉ်သည် ထုံးစံအတိုင်းဖြစ် သောဘဏ္ဍာရေး ပုံစံကို ပြောင်းပြန် လှန်လိုက် ခြင်းဖြစ်သည်။ ယင်းအစီအစဉ်မှ ကုန်ကျစရိတ် အများအပြားကို ဗဟိုအစိုးရက တာဝန်ခံ ရမည့်အစား ပြည်နယ်များနှင့် ဒေသတွင်း အစိုးရများကို ပိုမိုဝန်ပိစေမည်ဖြစ်သည်။ ဗဟိုအစိုး ရအနေဖြင့် ကုန်ကျစရိတ် စုစုပေါင်းအနက် ဒေါ်လာဘီလီယံ ၂ဝဝကိုသာ ကမကထပြုမည်ဖြစ်ပြီး ကျန်ရှိသည့် ကုန်ကျစရိတ်များကို ပြည်နယ်၊ ဒေသတွင်းနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ် နှံမှုများမှရှာဖွေရန် တွန်းအားပေး သွားဖွယ်ရှိသည်။
အမေရိကန်ပြည်ထောင်စုသည် အခြေခံ အဆောက်အအုံပြုပြင် ထိန်းသိမ်းခြင်းကို နှစ်ပေါင်းများစွာ ကြာသည့် တိုင် လုပ်ဆောင်ခြင်း မရှိသည့်အတွက် ရေသန့်စနစ်၊ မိလ္လာစနစ်၊ တံတားများနှင့်ဆည်များမှာ ယိုယွင်းပျက်စီး လာပြီဖြစ်သည်။
နိုင်ငံတစ်ဝန်းရှိ တံတားအစင်းပေါင်း ခြောက်သိန်းကျော်အနက် ၄ဝ ရာခိုင်နှုန်းမှာ သက်တမ်းနှစ် ၅ဝ ကျော် နေပြီဖြစ်ပြီး ၎င်းတို့အနက် ၉ ဒသမ ၁ ရာခိုင်နှုန်းမှာ ၂ဝ၁၆ ခုနှစ်တွင် အသုံးပြုရန် မသင့်စာရင်းဝင်နေပြီဖြစ် သည်။ ထိုစာရင်းတွင် နယူးယောက်မြို့၏အထင်ကရပြယုဂ်ဖြစ်သော ဘရွတ်ကလင်း တံတားလည်း အပါ အဝင် ဖြစ်သည်။
ထို့ပြင် တစ်နှစ်လျှင် ရေပိုက်ပေါက်မှု နှစ်သိန်းခွဲနီးပါး ရှိသည့်အတွက် သန့်စင်ပြီးရေသန့် လီတာ ၇ ထရီလီယံခွဲမှာ ဆုံးရှုံးနေရကြောင်း သဘာဝ သယံဇာတများ ကာကွယ်ရေးကောင်စီ မြို့ပြဌာနမှ ညွှန်ကြား ရေးမှူး ရှယ်လီပိုတီချာ ၏ပြောဆိုချက် အရသိရသည်။
အခြေခံ အဆောက်အအုံ ပြန်လည်တည်ဆောက်ခြင်း အစီအစဉ်သည် ထရမ့်၏အထင် ကရ ကတိပြုမှုများ အနက် တစ်ခုဖြစ်သည်။ ထို့ကြောင့် ထရမ့်သည် အဆိုပါ အစီအစဉ်နှင့် ပတ်သက်၍ ကွန်ဂရက်အနေဖြင့် သဘောတူ နိုင်စေရေးအတွက် ပြည်သူများ၏ ထောက်ခံမှုရရှိစေရန် လာမည့် ရက်သတ္တပတ်အနည်း ငယ်တွင် နိုင်ငံ တစ်ဝန်းသို့ ခရီး ထွက်ဖွယ်ရှိသည်။