SJ WorldNews - шаблон joomla Авто

တောင်တရုတ်ပင်လယ်သို့ ရေတပ်သင်္ဘော တစ်စင်းကိုစေလွှတ်မည်

Wednesday, 14 February 2018 12:42 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ ဖေဖော်ဝါရီ ၁၃

လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ကို ထိန်းသိမ်းရန်အတွက် ဗြိတိန်ရေတပ်မှ စစ်သင်္ဘော တစ်စင်းကို  တောင်တရုတ် ပင်လယ်သို့ လာမည့်လတွင်  စေလွှတ်မည်ဟု ဗြိတိန် ကာကွယ်ရေး ဝန်ကြီး ဂက်ဗင် ဝီလီယံဆင်က ပြောသည်ဟု ဖေဖော်ဝါရီ ၁၃ ရက် ထုတ်ပြန်သည့်ကြေညာချက်တွင် ဖော်ပြထားသည်။

ဗြိတိန်တော်ဝင်ရေတပ်မှ  ဖရီးဂိတ်စစ် သင်္ဘောတစ်စင်းဖြစ်သည့် ဆူသာလန်းသည် လာမည့်မတ်လတွင်  သြစတြေး လျနိုင်ငံသို့ သွားပြီးနောက် တောင်တရုတ်ပင်လယ် အတွင်းသို့ ဆက်လက် ထွက်ခွာ မည်ဖြစ် ကြောင်း ဝီလီယံဆင်က သြစတြေးလျ သတင်းစာကြီး တစ်စောင်နှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်း ခန်း၌ ပြောသည်။ တောင်တရုတ် ပင်လယ်သို့ အဆိုပါ စစ်သင်္ဘောသွားခြင်းသည် ဗြိတိန် တော်ဝင်ရေတပ် အနေဖြင့်   လွတ်လပ်စွာ  ရေကြောင်း သွားလာခွင့်ရှိကြောင်းကို ရှင်းရှင်း လင်းလင်းဖော်ပြခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ သို့ရာတွင် အဆိုပါဗြိတိန် စစ်သင်္ဘောသည် ရေပိုင်နက်အငြင်းပွားနေ သည့်နေ ရာမှ ရေမိုင်  ၁၂ အတွင်း မောင်းနှင် သွားမည်ဟုတ်၊ မဟုတ်ကို ဝီလီယံဆင်က  အသေးစိတ် ပြောဆိုခြင်း မရှိပေ။

တောင်တရုတ်ပင်လယ် အတွင်း ဖြစ်ပွား နေသည့်အခြေအနေများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက် လျက်ရှိပြီး သက်ဆိုင်ရာ နိုင်ငံများ  အထူးသဖြင့်ဒေသ အပြင်ပိုင်းမှ နိုင်ငံများ အနေဖြင့် ဒေသတွင်းနိုင်ငံ များက ဖော်ဆောင်နေသည့်ကြိုးပမ်းချက်များကို လေးစားလိုက်နာနိုင်ကြောင်း ဝီလီယံဆင်က ဆိုသည်။

တစ်ချိန်တည်းမှာပင် နိုင်ငံအားလုံး အနေဖြင့် နိုင်ငံတကာ ဥပဒေ နှင့်အညီ တောင် တရုတ်ပင်လယ် အတွင်း  လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်နှင့် လေကြောင်းပျံ သန်း ခွင့်ရှိသည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ကန်းရွှမ်က ဝီလီယံဆင်၏ ပြောဆိုချက်နှင့် စပ်လျဉ်း၍ တုံ့ပြန်ထား သော်လည်း တောင်တရုတ် ပင်လယ်သို့ ဗြိတိန်ရေတပ်သင်္ဘောအား စေလွှတ်ခြင်းသည် တင်းမာမှုများ ဖြစ်ပွားစေရန် လှုံ့ဆော်ပေးနိုင် ဖွယ်ရှိကြောင်း သိရသည်။  

 

..............

Read 13 times Last modified on Wednesday, 14 February 2018 12:43