SJ WorldNews - шаблон joomla Авто

ချေးငွေအတွက် သဘာဝအရင်းအမြစ်များ အပေါင်ပေးရန် ဖိလစ်ပိုင်ကို တောင်းဆိုသည် ဟူသော ပြောဆိုချက်ကို တရုတ်ငြင်းဆို

Tuesday, 13 March 2018 10:19 font size decrease font size decrease font size increase font size increase font size

ပေကျင်း မတ် ၁၂

ချေးငွေရရှိရေးအတွက် နိုင်ငံ၏သဘာဝ အရင်းအမြစ်များကို အပေါင်ပစ္စည်းအဖြစ် ပေးရန် ဖိလစ်ပိုင်နိုင်ငံကို တောင်းဆိုခဲ့သည်ဟူသော ပြောဆိုချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုလိုက်သည်။ တရုတ် နိုင်ငံသည် ချေးငွေပေးအပ်ရေး သဘောတူညီချက်များ ချမှတ်ရေးအတွက် သဘာဝ အရင်းအမြစ်များကို အပေါင်ပစ္စည်း အဖြစ်ပေးရန် မည်သည့်နိုင်ငံကိုမျှ တောင်းဆိုဖူးခြင်းမရှိသလို နောင်တွင်လည်း တောင်းဆိုသွားမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကန်းရှုအန်က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ထို့ပြင် တရုတ်အစိုးရက ဖိလစ်ပိုင်သို့ ပေးအပ်နေသည့် အကူအညီများကို နှောင်ကြိုးကင်းမဲ့စွာ ပေးအပ်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ တရုတ်နိုင်ငံက ပေးအပ်သည့် ချေးငွေအစီအစဉ်များသည် များေ သာအားဖြင့် သဘာဝ အရင်းအမြစ်များကို အပေါင်ပစ္စည်းအဖြစ် တောင်းခံလေ့ရှိသည်ဟု ရှားမင်တက္ကသိုလ်မှ အရှေ့တောင်အာရှဒေသလေ့လာမှုဌာန အကြီးအကဲ ကျွမ်းကော့တူက နိုင်ငံပိုင် Global Times သတင်းစာ တွင် ရေးသားဖော်ပြပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ ရေးသားဖော်ပြချက်ကြောင့် ဖိလစ်ပိုင် အစိုးရအနေဖြင့် ၎င်းတို့နိုင်ငံအတွင်း ဖော်ဆောင်မည့် အခြေခံ အဆောက်အအုံစီမံကိန်းများအတွက် လိုအပ်နေသည့်ချေးငွေများ ရရှိရန် ၎င်းတို့၏ သဘာဝ အရင်း အမြစ်များကို တရုတ်နိုင်ငံသို့ ပေးအပ်ရမည်ဟူသော စိုးရိမ်မကင်းမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ သို့ရာတွင် ကျွမ်းကော့တူ၏ ရေးသားချက်မှာ တရုတ်အစိုးရ၏ သဘောထားကို ဖော်ပြခြင်း မဟုတ်ဘဲ ၎င်း၏ အမြင်သက်သက်ကိုသာ ရေးသားထားခြင်းဖြစ်ပြီး တရုတ်နိုင်ငံသည် ဖိလစ်ပိုင်နှင့်စီးပွားရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို ဖော်ဆောင်ရာတွင် တောင်တရုတ် ပင်လယ်အရေးကိစ္စနှင့် ဆက်နွှယ် မည်မဟုတ်ဟု ကန်းရှုအန်က ဆက်ပြောသည်။

Read 66 times Last modified on Tuesday, 13 March 2018 10:29