SJ WorldNews - шаблон joomla Авто

ဗီယက်နမ်အစိုးရနှင့် ကုလသမဂ္ဂ ပူးပေါင်း၍ ကမ်းရိုးတန်းမှ ဒေသခံများကို မုန်တိုင်းဒဏ်ခံနေအိမ်များ ဆောက်လုပ်ပေးမည်

Tuesday, 13 March 2018 11:26 font size decrease font size decrease font size increase font size increase font size

ဟနွိုင်း မတ် ၁၂

ဗီယက်နမ်အစိုးရနှင့် ကုလသမဂ္ဂတို့ ပူးပေါင်း၍ မုန်တိုင်းဒဏ်သင့်ကမ်းရိုးတန်း ဒေသမှ မိသားစုထောင်ပေါင်း များစွာအတွက် မုန်တိုင်းဒဏ်ခံနိုင်သည့် နေအိမ်များ အခမဲ့ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း တာ ဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗီယက်နမ်နိုင်ငံသည် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အဆိုးဝါးဆုံး ခံစားရသည့် နိုင်ငံ ၁ဝ နိုင်ငံအနက် တစ်နိုင်ငံ ဖြစ်ကြောင်း ဂျာမနီရာသီဥတု စောင့်ကြည့်ရေး သုတေသနအဖွဲ့က ထုတ်ပြန်သော နှစ်စဉ်ရာသီ ဥတုအန္တရာယ်အညွှန်းအရ သိရသည်။ ကမ်းရိုးတန်းရှိဒေသခံများ အနေဖြင့် မုန်တိုင်းများ မကြာခဏ တိုက် ခတ်မှုကို ခံရလေ့ရှိပြီး မုန်တိုင်းပြင်းထန်ပါက ခုခံနိုင်စွမ်းနည်းပါးကြောင်း၊ နေအိမ်များ၊ စီးပွားရေး လုပ်ငန်း များနှင့် ပိုင်ဆိုင်မှုများကိုပြင်ဆင်ရန် သို့မဟုတ် ပြန်လည်ဆောက်လုပ်ရန် စုဆောင်းထားသည့် ငွေကြေးများ ကိုသုံးစွဲရခြင်းကြောင့် ဆင်းရဲတွင်းမှ ရုန်းမထွက်နိုင်ဖြစ်နေကြောင်း သိရသည်။

အဆိုပါ ဒေသခံများအတွက် ဘေးကင်းလုံခြုံသော နေအိမ်များ ဆောက်လုပ်ပေးနိုင်ပါက ၎င်းတို့၏ အသက်အိုးအိမ် အတွက်သာမက ပိုင်ဆိုင်မှုများနှင့် အသေးစားစီးပွားရေး လုပ်ငန်းများ အတွက်လည်း ကာ ကွယ်နိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) မှ နည်းပညာဆိုင်ရာ ထိပ်တန်းအကြံပေး ဂျန်တီကာဆပ်ဝုက ပြောသည်။

UNDP အနေဖြင့် ဗီယက်နမ်အစိုးရနှင့် ပူးပေါင်း၍ ယခုနှစ်ကုန်ပိုင်းတွင် နေအိမ် ၃ဝဝ ခန့် ဆောက်လုပ်မည် ဖြစ်ပြီး ၂ဝ၂၂ ခုနှစ်အထိ နေအိမ်စုစုပေါင်း ၄ဝဝဝ ခန့်ဆောက်လုပ်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြော သည်။ အခန်းနှစ်ခန်းပါ ယင်းနေအိမ်များကို ပို၍ခိုင်မာစေရန် ရိုးရှင်းသောဒီဇိုင်းကို အခြေပြုထားကြောင်း သိရသည်။ နေအိမ်တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၇ဝဝ ခန့်ကုန်ကျပြီး ကွမ်နိုင်ပြည်နယ်၌ ယခုအထိ ၃၇ လုံးခန့် ဆောက်လုပ်ထားကြောင်း သိရသည်။

Read 142 times Last modified on Tuesday, 13 March 2018 11:33