SJ WorldNews - шаблон joomla Авто

အိန္ဒိယနိုင်ငံ တောင်တန်းဒေသတစ်ခု၌ တောမီးလောင်ကျွမ်းမှု ဖြစ်ပွား

Tuesday, 13 March 2018 11:26 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ မတ် ၁၂

အိန္ဒိယနိုင်ငံ တမီးနာဒူးပြည်နယ်ရှိ လူသိများသော အပျော်ခြေကျင်ခရီး ထွက်ရာနေရာတစ်ခု၌ မတော်တဆ တောမီးလောင်ကျွမ်းမှုဖြစ်ပွားခြင်းကြောင့် ခြေကျင်ခရီးသွား ကိုးဦးသေဆုံးပြီး ၁၈ ဦးဒဏ်ရာရရှိကြောင်း မတ် ၁၂ ရက်တွင် တာဝန်ရှိသူများကပြောသည်။ သစ်တောများဖုံးလွှမ်းကာ လက်ဖက်ပင်များ စိုက်ပျိုးထားသည့် နိုင်ငံတောင်ပိုင်း တောင်တန်းဒေသတစ်ခုဖြစ်သော သီနီးခရိုင်တစ်လျှောက်၌ အပျော်ခြေကျင်ခရီး ထွက်သည့် အဖွဲ့ကသွားလာနေစဉ် တောမီးလောင်ကျွမ်းမှုမှ ထွက်လာသည့် အဆိုပါ မီးတောက်များက အလျင်အမြန် ကူးစက်လာခြင်းကြောင့် ထွက်ပြေးရန်ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။

ထိုသို့ထွက်ပြေးလွတ်မြောက်ရန် ကြိုးပမ်းနေစဉ် လူစုကွဲသွားသည်ဟု ယူဆရကြောင်း သီနီးခရိုင်မှ တာဝန်ရှိသူ အက်(စ်)ကန်ဒါဆာမိုင်ကပြောသည်။ မီးတောက်များ အလျင်အမြန် ကူးစက်လာမှုကြောင့် အဆိုပါ ခြေ ကျင်ခရီးသွားအဖွဲ့သည် ပုံမှန်သွားနေကျလမ်းကြောင်းမှ လမ်းကြောင်းပြောင်းကာ သွားခဲ့ရခြင်းဖြစ်နိုင်ကြောင်းနှင့် ယင်းနေရာသည် အများပြည်သူ အပျော်ခြေကျင်ခရီးသွားရာ နေရာတစ်ခုဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ယင်းတောမီးလောင်ကျွမ်းမှုအတွင်း ခြေကျင်ခရီးသွားကိုးဦး သေဆုံးသွားသော်လည်း ၂၇ ဦးကို တာဝန်ရှိသူများက ကယ်ဆယ်လိုက်နိုင်သည်။ သို့သော် ၎င်းတို့အနက် ၁၈ ဦးမှာ ဒဏ်ရာရရှိ ခဲ့ကြောင်းနှင့် အချို့ခရီးသွားများမှာ ခန္ဓာကိုယ်၌ မီးလောင်ဒဏ်ရာ အပြင်းအထန် ရရှိမှုကြောင့် ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း Press Trust India သတင်းဌာနကပြောသည်။ အဆိုပါ တောမီးေ လာင်ကျွမ်းမှုကြောင့် တမီးနာဒူးပြည်နယ် ချန်နိုင်းမြို့တော်မှ ကီလိုမီတာ ၅၄ဝ အကွာ ကီရာလာပြည်နယ် နယ်နိမိတ်တစ် လျှောက်တွင် မီးတောက်များ ဆက်လက်လောင်ကျွမ်းနေဆဲ ဖြစ်ကြောင်း ကန်ဒါဆာမိုင်က ပြောသည်။

Read 165 times Last modified on Tuesday, 13 March 2018 11:35