SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယား - အမေရိကန်တို့၏ ပြေပြစ်သော တွေ့ဆုံမှုက မြောက်ကိုရီးယားကို နျူကလီးယား ကင်းမဲ့စေမည်ဟု ရှီကျင့်ဖျင် မျှော်လင့်

Wednesday, 14 March 2018 10:02 font size decrease font size decrease font size increase font size increase font size

ပေကျင်း မတ် ၁၃

မြောက်ကိုရီးယား ခေါင်းဆောင်နှင့် အမေရိကန်သမ္မတတို့အကြား ပြုလုပ်မည့် ပြေပြစ်သော တွေ့ဆုံ ဆွေးနွေးမှုသည် မြောက်ကိုရီးယားကို နျူကလီးယား လက်နက်ကင်းမဲ့စေမည်ဟု မျှော်လင့်ကြောင်း တရုတ်သမ္မ တ ရှီကျင့်ဖျင်က ပြောသည်။

ရှီကျင့်ဖျင်သည် တောင်ကိုရီးယား အမျိုးသား လုံခြုံရေး အကြံပေးနှင့် တွေ့ဆုံဆွေးနွေးစဉ် ယခုကဲ့သို့ မှတ်ချက်ပြုပြောခြင်း ဖြစ်သည်ဟု သတင်းဌာနများက ဖော်ပြထားသည်။ တောင်ကိုရီးယား အမျိုးသား လုံခြုံရေး အကြံပေးချွမ်အွီးယုံသည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့နှင့် တွေ့ဆုံ ဆွေးနွေးပြီးနောက် ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန် တရုတ်နိုင်ငံ သို့ မတ် ၁၂ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။

ကင်ဂျုံအွန်သည် တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နှင့် ဧပြီလနှောင်းပိုင်းတွင် တွေ့ဆုံရန် သဘောတူထားပြီး မေလနှောင်းပိုင်းတွင် ထရမ့်နှင့် တွေ့ဆုံသွားမည်ဖြစ်သည်။ အဆိုပါ ကိုရီးယားနှစ်နိုင်ငံ ခေါင်းေ ဆာင်များတွေ့ဆုံမှုနှင့် မြောက်ကိုရီးယား-အမေရိကန် တွေ့ဆုံမှုတို့သည် အဆင်ပြေချောမွေ့မည်ဟု မျှော်လင့်ကြောင်း ရှီကျင့်ဖျင်က ပြောသည်ဟု တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက ဖော်ပြထားသည်။ ထို့ပြင် ယင်းတွေ့ဆုံဆွေးနွေးမှုက ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင် ရေးနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ဆက်ဆံရေးပုံမှန် ပြန်ဖြစ်စေရေးကို ဦးဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ရှီကျင့်ဖျင်က ဆက်ပြော သည်။

ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှု လျော့ကျစေရေးအတွက် အရေးအကြီးဆုံးသော အခွင့်အလမ်း တစ်ရပ် ရရှိနေပြီဖြစ်ကြောင်း၊ ဆွေးနွေးဖက်နိုင်ငံများ အနေဖြင့် စိတ်ရှည်သည်းခံပြီး သတိရှိရန် လိုအပ်ကြောင်း ၎င်း ကပြောသည်။ မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးတွင် အလွန်အပြုသဘောဆောင်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည့်အတွက် ရှီကျင့်ဖျင်၏ အရေးပါ အရာရောက်သော စွမ်းဆောင်မှုကို ကျေးဇူး တင်ကြောင်း ချွမ်အွီးယုံက ပြောသည်။ တရုတ်နိုင်ငံသည် မြောက်ကိုရီးယားအတွက် တစ်ခုတည်းသော သံတမန်မိတ်ဖက်နိုင်ငံဖြစ်ပြီး အရေးကြီးသော ကုန်သွယ်ဖက် နိုင်ငံလည်း ဖြစ်ကြောင်း သိရသည်။

Read 64 times Last modified on Wednesday, 14 March 2018 10:08