SJ WorldNews - шаблон joomla Авто

သိပ္ပံပညာရှင်များက နက်ပကျွန်းဂြိုဟ်တွင်ဖြစ်ပေါ်သော စိန်မိုးရွာသွန်းမှုကို စွမ်းအားပြင်းလေ ဆာများ၏ အကူအညီဖြင့်ဖန်တီးနိုင်

Thursday, 24 August 2017 10:37 font size decrease font size decrease font size increase font size increase font size

နေစကြဝဠာ အစွန်ဆုံးတွင်တည်ရှိသော နက်ပကျွန်းဂြိုဟ်နှင့် ၎င်းဂြိုဟ်ရှိ ကြီးမားများ ပြားသည့် ဓာတ်ငွေ့များကို လူသားများက အပြည့်အဝရှာဖွေနေစဉ်တွင် ယင်းဂြိုဟ်ပေါ် တွင်ဖြစ် ပေါ်လေ့ရှိသည့်

စိန်မိုးရွာသွန်းမှုကို သိပ္ပံပညာရှင်များက ၎င်းတို့၏ဓာတ်ခွဲခန်း၌ ဖန်တီးလိုက် နိုင်ပြီဖြစ်သည်။သိပ္ပံပညာရှင်များသည် စတန်းဖို့တက္က သိုလ်ရှိ SLAC ဓာတ်ခွဲခန်း၌ နက်ပကျွန်း ဂြိုဟ်၏ အခြေ အနေနှင့်တူညီသော  အခြေ အနေတစ်ခုကို ဖန်တီးပြီး စိန်မိုးရွာသွန်းရခြင်း အကြောင်းရင်း စွမ်းအားပြင်းလေဆာကြီး များကိုအသုံးပြု၍ ရှာဖွေကြခြင်းဖြစ်သည်။

အဆိုပါသိပ္ပံပညာရှင်အဖွဲ့သည် နက်ပ ကျွန်းဂြိုဟ်၏ မီသိန်းဓာတ်ငွေ့ကြွယ်ဝသော လေထု အလွှာ ကိုလှုံ့ဆော်ရန်အတွက် ပိုလီစ တိုင်လင်းဟုခေါ်သော ပလတ်စတစ်ပစ္စည်း တစ်ခုကို အ သုံးပြုခြင်းဖြစ်သည်။

ပလတ်စတစ်နှင့် မီသိန်းဓာတ်ငွေ့နှစ်ခုစလုံးသည်  နက်ပကျွန်းဂြိုဟ်၏လေထုကို အပြာရောင် အဖြစ် ပြောင်းလဲပေးခြင်းဖြစ်ပြီး တို့ကို ဟိုက်ဒရိုဂျင်နှင့် ကာဘွန်မော်လီကျူး တို့မှ ထုတ် လုပ် ထားခြင်းဖြစ်သည်။

အဆိုပါဟိုက် ဒရိုဂျင်နှင့် ကာဘွန်မော်လီ ကျူးများကို စိန်အဖြစ်သို့ ပြောင်းလဲ သွားစေရန် အတွက် အမြင့်ဆုံးသော ဖိအားပေးရန်လို အပ်သည်။ ယင်းလိုအပ်ချက်ကိုဖြည့်ဆည်းရန် အတွက် သိပ္ပံပညာရှင်များက ကမ္ဘာပေါ်တွင် စွမ်းအားအပြင်းဆုံးသော အိတ်စရေး လေဆာဖြစ်သည့် Linac Coherent Light Source (LCLS) အတွင်းပိုင်းရှိ Matter in Extreme Conditions (MEC)  ဟူသောအစိတ်အပိုင်းကို အသုံးပြုခြင်းဖြစ် သည်။

အဆိုပါအစိတ်အပိုင်းသည် LCLS မှ ထုတ်လွှတ်ပေးလိုက်သည့် ရောင်စဉ်တန်းများ ကို စွမ်းအားမြင့် လေဆာရောင်စဉ်တန်းများ ဖြင့် ပေါင်းစပ်ပေးလိုက်ခြင်းဖြစ်သည်။ယင်းလေဆာများကြောင့် ကာဘွန်အက် တမ်တစ်ခု ချင်းစီသည် သေးငယ်လွန်းသော နာနိုမီ တာ အရွယ်အစားသာရှိသည့် စိန်ပွင့် ပုံစံများကဲ့သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။

ယခုတွေ့ရှိချက်သည် မည်သည့်အတွက် ကြောင့် စိန်မိုးရွာသွန်းသည်ကို သိပ္ပံပညာရှင် များ အ နေဖြင့် သိရှိနိုင်စေပြီးယင်းသို့သိရှိမှုကို အခြားဂြိုဟ်များအားရှာဖွေရာတွင် အသုံး ပြုနိုင် စေမည်ဖြစ်သည်။ ထို့ပြင် အနာဂတ် တွင်လူများအနေဖြင့် အဆိုပါလေ့လာတွေ့ရှိချက် ကိုအသုံးပြု ကာ လက်ဝတ်ရတနာများ၊ သိပ္ပံဆိုင်ရာ ပစ္စည်းများ၊ လျှပ်စစ်နှင့် အခြားသော အမြတ် အစွန်းရရှိရေး ရည်ရွယ်ချက်များ အတွက် နာနိုစိန်များကို ထုတ် လုပ်သွားနိုင် မည်ဖြစ် သည်။         

Read 374 times Last modified on Thursday, 24 August 2017 12:14