SJ WorldNews - шаблон joomla Авто

အမေရိကန်နှင့် ကုန်သွယ်ရေး ပဋိပက္ခကို ထိပ်တိုက်တွေဆုံ့ခြင်းမဟုတ်ဘဲ အပြန်အလှန် ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် ရှီကျင့်ဖျင်တိုက်တွန်း

Thursday, 12 April 2018 12:29 font size decrease font size decrease font size increase font size increase font size

ဘိုအော ဧပြီ ၁၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတွင် ထပ်ဆောင်း အခွန်များ ကောက်ခံပြီး ကန့်သတ်သွားရန် ပြောဆိုပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်ရေး ပဋိပက္ခကို ထိပ်တိုက်တွေ့ဆုံခြင်း နည်းလမ်းဖြင့် မဟုတ်ဘဲ အပြန်အလှန် ဆွေးနွေးခြင်း နည်းလမ်းဖြင့်သာ ဖြေရှင်းရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဧပြီ ၁ဝ ရက်တွင်တိုက်တွန်းသည်။ အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေး ပဋိပက္ခ မြင့်တက်လာသည့် အချိန်မှစ၍ ပထမဆုံး အနေဖြင့် လူသိရှင်ကြား မိန့်ခွန်းပြောဆိုရာတွင် တရုတ်က အမေရိကန်ကို တိုက်ရိုက်ရည်ညွှန်း ပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

စစ်အေးခေတ် စိတ်နေသဘောထားနှင့် အကျိုးအမြတ် မရှိသော ကစားနည်းတို့သည် အလွန်အမင်း ခေတ်နောက်ကျနေပြီး ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အတူတကွ ဆောင်ရွက်ခြင်းကသာ မည်သူမျှ အရှုံးမရှိသည့် ရလဒ်ကို ရရှိစေမည် ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်။ ထို့ပြင် တရုတ်နှင့် ကုန်သွယ်ရေး ပဋိပက္ခ ဖြစ်ပေါ်စေရန် ဖန်တီးသော ဒေါ်နယ်ထရမ့်၏ အဓိက အကြောင်းပြချက်များ အနက် တစ်ခုဖြစ်သည့် အသိဥာဏ် ပစ္စည်းပိုင်ဆိုင်မှု ဆိုင်ရာအခွင့်အရေးများနှင့် ပတ်သက်၍ ပိုမိုခိုင်မာအောင် လုပ်ဆောင်သွားမည်ဟု ရှီကျင့်ဖျင်က ကတိပြုထားသည်။ ဆက်လက်ပြီး နိုင်ငံတစ်နိုင်ငံ၏ အဓိက အကျိုးစီးပွားနှင့် ကိစ္စရပ်များကို ကျန်တစ်နိုင်ငံက လေးစားသင့်ကြောင်း၊ နိုင်ငံအချင်းချင်း ဆက်ဆံရေးနှင့် ထိပ်တိုက်တွေ့ဆုံမှုထက် အပြန်အလှန် ဆွေးနွေးခြင်းကို အကောင်အထည် ဖော်သည့် လုပ်နည်းအတိုင်းသာ လုပ်ဆောင်ရမည် ဖြစ်ကြောင်း ရှီကျင့်ဖျင်က ပြောသည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား နိုင်ငံအတွင်းသို့ တင်သွင်းသည့် ကုန်ပစ္စည်း အသီးသီးအပေါ် ထပ်ဆောင်းအခွန်များကို ဘတစ်ပြန် ကျားတစ်ပြန် ချမှတ်မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားလာနိုင်သည်ဟု နိုင်ငံတကာက စိုးရိမ်ပူပန်ပြီးနောက် ရက်အနည်းငယ် အကြာတွင် ရှီကျင့်ဖျင်က ယခုကဲ့သို့ ပြောခြင်း ဖြစ်သည်။ အကယ်၍ တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့အကြား ဆက်ဆံရေး ကောင်းမွန်ပါက အမေရိကန်၌ အလုပ်အကိုင် တစ်သန်းသာမက ၁ဝ သန်းအထိ ဖန်တီးပေးနိုင် သော်လည်း နှစ်နိုင်ငံဆက်ဆံရေး မကောင်းပါက ထိုအလုပ်အကိုင် ၁ဝ သန်းမှာ ပျက်စီးသွားမည် ဖြစ်ကြောင်း အလီဘာဘာ ကုမ္ပဏီတည် ထောင်သူ ကုဋေကြွယ်သူဋ္ဌေး ဂျက်မာကပြောသည်။ ၎င်းသည် အမေရိကန် ပြည်ထောင်စု၌ အလုပ်အကိုင် တစ်သန်းအထိ ဖန်တီးပေးမည်ဟု ယခင်က ကတိပြုထားကြောင်း သိရသည်။

Read 49 times Last modified on Thursday, 12 April 2018 12:31