SJ WorldNews - шаблон joomla Авто

သမ္မတဟောင်း ပါ့ဂွမ်ဟေးကို ကြားနာစစ်ဆေးရာတွင် တရားမျှတမှု မရှိဟုဆို

Thursday, 12 April 2018 12:49 font size decrease font size decrease font size increase font size increase font size

ဆိုး ဧပြီ ၁၁

တောင်ကိုရီးယား သမ္မတဟောင်း ပါ့ဂွမ်ဟေးကို လာဘ်ပေးလာဘ်ယူ မှုများနှင့် စပ်လျဉ်း၍ ကြားနာစစ်ဆေးရာတွင် တရားမျှတမှု မရှိခြင်းကြောင့် ၎င်းကိုထောင်ဒဏ် ၂၄ နှစ် ချမှတ်ထားခြင်းအပေါ် အယူခံဝင်သွားမည်ဟု အစိုးရ ရှေ့နေများက ဧပြီ ၁၁ ရက်တွင် ပြောကြောင်း မီဒီယာတစ်ခုက ဖော်ပြသည်။ ပါ့ဂွမ်ဟေးသည် လပေါင်းများစွာကြာ စစ်ဆေးမှု ခံယူပြီးနောက် ဧပြီ ၆ ရက်တွင် ပြစ်ဒဏ်ချမှတ် ခံရခြင်းဖြစ်ပြီး ယင်းအမှုတွင် နိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံ၏ အကြီးဆုံး စီးပွားရေး ကော်ပိုရေးရှင်း အချို့အကြား ဖြစ်ပေါ်ခဲ့သည့် အကျင့်ပျက် ခြစားမှုများကို ဖော်ထုတ်နိုင်ခဲ့သည်။ သို့ရာတွင် ပါ့ဂွမ်ဟေးအပေါ် စွဲချက်တင်ထားသည့် လာဘ်ပေးလာဘ်ယူမှု အချို့ကို ကြားနာစစ်ဆေးရာတွင် တရားမျှတမှု ကင်းမဲ့စွာ လုပ်ဆောင်ခဲ့သည်ကို ဆိုးခရိုင် အစိုးရ ရှေ့နေရုံးက တွေ့ရှိခဲ့သည်ဟု Yonhap သတင်းဌာနက ဖော်ပြသည်။ ပါ့ဂွမ်ဟေးသည်၂ဝ၁၂ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသူဖြစ်ပြီး ၎င်းအပေါ်စွဲဆိုထားသည့် စွဲချက်များကို ငြင်းဆိုခဲ့သည်။ သို့ရာတွင် ပါ့ဂွမ်ဟေးသည်စွဲချက် ၁၆ ခုတွင် အပြစ်ရှိသည်ဟု ဆိုကာ တရားရုံးက ဝမ် ၁၈ ဘီလီယံကိုပါ ဒဏ်ငွေအဖြစ် ပေးဆောင်စေရန် အမိန့်ချခဲ့ကြောင်း သိရသည်။ ကနဦးတွင် အစိုးရရှေ့နေများက ပါ့ဂွမ်ဟေးကိုအမှု ၁၈ မှုဖြင့် စွဲဆိုခြင်းဖြစ်ပြီး ထောင်ဒဏ်အနှစ် ၃ဝ အထိချမှတ်ရန် အပြင်ဒဏ်ငွေအဖြစ် ဝမ် ၁၁၈ ဒသမ ၅ဘီလီယံ ကိုပေးဆောင်စေရန် ကြိုးပမ်းခဲ့သည်။

Read 78 times Last modified on Thursday, 12 April 2018 12:50