SJ WorldNews - шаблон joomla Авто

ဂျပန်နိုင်ငံ၌ နေအိမ်များအပေါ် မြေပြိုမှုဖြစ်ပွား ၊ ရုပ်အလောင်းတစ်လောင်းသာ ဆယ်ယူရရှိထား

Thursday, 12 April 2018 12:56 font size decrease font size decrease font size increase font size increase font size

တိုကျို   ဧပြီ   ၁၁

ဂျပန်နိုင်ငံတောင်ပိုင်း၌ ဧပြီ ၁၁ ရက်တွင် နေအိမ်များအပေါ်သို့   မြေပြိုမှုဖြစ်ပွားရာ အမျိုးသားတစ်ဦးသေဆုံးပြီး လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း   ဒေသတွင်း တာဝန်ရှိသူများကပြောသည်။

မြေပြိုမှုသည် နာကတ်ဆူမြို့ရှိတောင်ကုန်း တောင်တန်းထူထပ်သော ဒေသ၌ ဖြစ်ပွားခြင်းဖြစ်ပြီး မြေပြိုမှုဖြစ်ပွားသည့် နေရာမှ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ဆယ်ယူရရှိ ထားကြောင်း မြို့နယ်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါရုပ်အလောင်းသည် မည်သူမည်ဝါ ဖြစ်ကြောင်းကို ဒေသတွင်း တာဝန်ရှိသူများက အတည်မပြုနိုင်သေးသော်လည်း ပျောက်ဆုံးနေသူ ခြောက်ဦးအနက် တစ်ဦးဖြစ်ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ NHKသတင်းဌာနက ဖော်ပြထားသည်။

မြေပြိုမှုသည် ဧပြီ ၁၁ ရက်နံနက် အစောပိုင်းတွင် ဖြစ်ပွားခြင်းဖြစ်ပြီး နေအိမ်သုံးလုံး အပေါ်သို့ မြေများ ပြိုကျလာခြင်းဖြစ်ကြောင်း၊ပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငါးဦးကို ကယ်ဆယ်ရေးအဖွဲ့ဝင် များက ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၏မိုးရာသီအတွင်း မြေပြိုမှုများ ဖြစ်ပွားခြင်းမှာ ထူးခြားသော ဖြစ်စဉ်မဟုတ်ကြောင်း၊ မိုးသည်းထန်စွာ ရွာသွန်းပါက မြေပြိုမှုဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ သို့သော် ယခုဖြစ်ပွား သည့်မြေပြိုမှုမှာ    ရာသီဥတု ဆိုးဝါးမှုကြောင့်ဖြစ်ပွားခြင်း မဟုတ်ကြောင်း နှင့်    အကြောင်းရင်းကို မသိရသေးကြောင်း ဒေသတွင်း သတင်းဌာနများက    ဖော်ပြထားသည်။

Read 57 times Last modified on Thursday, 12 April 2018 15:42