SJ WorldNews - шаблон joomla Авто

အမှိုက်သရိုက်များနှင့် စီးကရက်တိုများ ပြည့်နေသည့် ငါးမန်းဦးခေါင်းပြတ် တစ်ခုကို သြစတြေးလျ ရေကြောင်း ကယ်ဆယ်ရေး ရုံးခြံစည်းရိုး၌ တွေ့ရှိ

Wednesday, 13 June 2018 09:24 font size decrease font size decrease font size increase font size increase font size

ဆစ်ဒနီ ဇွန် ၁၂

သမုဒ္ဒရာအတွင်းရှိ အမှိုက်သရိုက်များနှင့် စီးကရက်တိုများ ပြည့်နေသည့် ငါးမန်းဦးခေါင်းပြတ် တစ်ခုကို သြစတြေးလျ ရေကြောင်း ကယ်ဆယ်ရေး အဖွဲ့ရုံး၏ ခြံစည်းရိုး၌ ချိတ်ထားသည် ကို တွေ့ရကြောင်း သိရသည်။

ရေကြောင်းကယ်ဆယ်ရေး အဖွဲ့ဝင်များသည် ဆစ်ဒနီမြို့တောင်ဘက် ကီလိုမီတာ ၁ဝဝ အကွာရှိ ရှယ်ဟာ ဘောမြို့သို့ ဇွန် ၁ဝ ရက်တွင် တာဝန်ဖြင့်ရောက်ရှိစဉ် အဆိုပါ ငါးမန်း ဦးခေါင်းပြတ်ကို တွေ့ရှိခြင်းဖြစ်သည်။ အဆိုပါ ငါးမန်းဦးခေါင်းပြတ် ပုံစံကြောင့် လူမှုကွန်ရက် စာမျက်နှာများ၌ ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။ ထိုကဲ့သို့ အမှိုက်သရိုက်များ ပြည့်နှ က်နေသော ငါးမန်းဦးခေါင်းပြတ်ကို တွေ့ရှိမှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဒေသတွင်း ကယ်ဆယ်ရေး အဖွဲ့မှမန်နေဂျာ ဘဂူမစ်ချယ်က AFP သတင်းဌာနသို့ ပြောသည်။

အဆိုပါငါးမန်းမှာ လတ်လတ်ဆတ်ဆတ် ဖမ်းဆီးရမိထားသော ငါးမန်းဖြစ်ဟန်ရှိကြောင်း၊ ငါးမန်းကိုဖမ်းဆီးပြီး နောက် ဦးခေါင်းကိုဖြတ်၍ ရေကြောင်း ကယ်ဆယ်ရေး အဖွဲ့ရုံး၏ ခြံစည်း ရိုး၌ ချိတ်သွားပုံရကြောင်း ၎င်းက ဆက်ပြောသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ရေကြောင်းကယ်ဆယ်ရေးရုံးက မည်သည့် ခြိမ်းခြောက်စာကိုမျှ ရရှိထားခြင်းမရှိကြောင်းနှင့် ရဲတပ်ဖွဲ့ထံ သို့လည်း တိုင်ကြားထားခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

ထိုကဲ့သို့စနောက်ခြင်းကြောင့် ရေကြောင်း၌ အန္တရာယ်ကြုံရသူများအား ကယ်ဆယ်ရန် အသင့်ရှိသော စေတနာ့ ဝန်ထမ်းများကို များစွာစိတ်ထိခိုက်စေကြောင်း ရေကြောင်း ကယ်ဆယ်ေ ရး အဖွဲ့က လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားထားသည်။

Read 1413 times Last modified on Wednesday, 13 June 2018 09:28