SJ WorldNews - шаблон joomla Авто

အင်တာနက်၌ ရေပန်းစားနေသော ဓာတ်ပုံမှာ G-7 တရားဝင် သတင်းထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ဟု ထရမ့်ဆို

Wednesday, 13 June 2018 10:29 font size decrease font size decrease font size increase font size increase font size

စင်ကာပူ ဇွန် ၁၂

ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းမှစ၍ အင်တာနက်၌ ရေပန်းစားနေသော ဓာတ်ပုံတစ်ပုံတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်တို့သည် တစ်ဦးနှင့်တစ်ဦး မကျေ မချမ်းဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အဆိုပါဓာတ်ပုံမှာ ၎င်းတို့နှစ်ဦးသည် စက်မှုထိပ်သီးခုနစ်နိုင်ငံ (G-7) ခေါင်းဆောင်များ ပူးတွဲ ထုတ်ပြန်သည့် တရားဝင်သတင်းထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်သည်။

G-7ထိပ်သီးဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးပြီဖြစ်ကြောင်း၊ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ် သဖြင့် အားလုံးက ဝမ်းသာပျော်ရွှင်နေကြောင်း ထရမ့်က ဇွန် ၁၂ ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲ၌သတင်းထောက်များအား ပြောသည်။ အဆိုပါ ဆွေးနွေးပွဲ၌ ပြောင်းလဲမှုများစွာကို တိုက်တွန်းတောင်း ဆိုခဲ့ကြောင်း၊ ယခုအခါ ပြောင်းလဲမှုများ စွာကို ပြုလုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အင်တာနက်၌ ပျံ့နှံ့နေသောဓာတ်ပုံမှာ တရားဝင် သတင်းထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေသော ဓာတ်ပုံသာဖြစ်ကြောင်း ထရမ့်ကဆိုသည်။

အမှန်စင်စစ်တွင် G-7 ခေါင်းဆောင် အားလုံးသည် ရင်းရင်းနှီးနှီး စကားလက်ဆုံကျနေသော ပုံဖြစ်ကြောင်း ထရမ့်ကပြောသည်။ အဆိုပါ ဓာတ်ပုံသည် အင်တာနက်၌ ပျံ့နှံ့ေ နကြောင်းနှင့် သတင်းထောက်များက ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ မေးမြန်းသောအခါ ထရမ့်က ကနေ ဒါဝန်ကြီးချုပ်သည် ရိုးသားမှုမ ရှိကြောင်း ပြောဆိုသည်။ ဂျက်စတင်ထရူးဒိုးသည် ကွီးဘက်မြို့၌ G-7 ထိပ်သီး ဆွေးနွေးပွဲကျင်းပပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထရမ့်၏ကုန်သွယ်ရေး မူဝါဒများနှင့် သံမဏိနှင့် အလူမီနီယံပစ္စည်းများ တင်သွင်းမှုအပေါ် အမေရိကန်က အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ အကြိမ်ကြိမ် ဝေဖန်မှုပြုသဖြင့် ထရမ့်က ယခုကဲ့သို့ပြောဆို လိုက်ခြင်းဖြစ် သည်။ ကနေဒါနိုင်ငံသည် အမေရိကန် ပြည် ထောင်စုအပေါ် အခွင့်အရေးယူသည့် နိုင်ငံဖြစ်ကြောင်း၊ ကနေဒါနှင့် ကုန်သွယ်ရေး လိုငွေများ ရှိကြောင်းနှင့် ကနေဒါနိုင်ငံသည် အမေရိ ကန်၏ လယ်ယာထွက်ကုန်ပစ္စည်းများကို ဝယ်ယူခြင်းမရှိကြောင်း ထရမ့်က အဆိုပါ သတင်းစာ ရှင်းလင်းပွဲ၌ ရှင်းလင်းပြောဆိုသည်။

၂ဝ၁၆ ခုနှစ်တွင် အမေရိကန်သည် ကနေဒါနှင့် ဒေါ်လာ ၇ ဒသမ ၇ ဘီလီယံ ကုန်သွယ်ရေးပိုငွေရှိကြောင်း စီးပွားရေး သုတေသီအဖွဲ့က ထုတ်ပြန်ထားသော်လည်း ကနေဒါစာရင်း စစ်ရုံး၏ အချက်အလက်များအရ အမေရိကန်သည် ကုန်သွယ်ရေးလိုငွေဒေါ်လာ ၁၄ ဒသမ ၆ ဘီလီယံခန့်ရှိကြောင်း သိရသည်။ သံမဏိနှင့် အလူမီနီယံပစ္စည်းများ တင်သွင်းမှုအပေါ် အမေရိကန်က အခွန်ကောက်ခံမည့် ကိစ္စနှင့်ပတ်သက်၍ G-7 အဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးပွဲတွင် ထရမ့်အား အောင်မြင်စွာ နားချပြောဆိုနိုင်ခြင်းမရှိပေ။ ထရမ့်က ကုန်သွယ်ရေး အ တားအဆီးများ၊ အခွန်များနှင့် ထောက်ပံ့ငွေများကို ဖယ်ရှားမည်ဟုပြောဆိုပြီး G-7 အဖွဲ့ဝင် နိုင်ငံအားလုံးနှင့် ကုန်သွယ်မှုကိုရပ်တန့်မည်ဟု ကမ္ဘာ့ခေါင်းဆောင်များကို ခြိမ်းခြောက်၍ စိန်ခေါ်ခဲ့ကြောင်း သိရသည်။

Read 124 times Last modified on Wednesday, 13 June 2018 10:31