×

Warning

JUser: :_load: Unable to load user with ID: 106
Print this page

တရုတ်ချင်မင်းဆက် ပန်းအိုးကို အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၅ သန်းဖြင့် စံချိန်တင် ရောင်းချနိုင်

Wednesday, 13 June 2018 10:31 font size decrease font size decrease font size increase font size increase font size

ပဲရစ် ဇွန် ၁၂

ပြင်သစ်နိုင်ငံရှိ နေအိမ်တစ်လုံး၏ ထပ်ခိုးမှ တွေ့ရှိရသည့် ရှူးဖိနပ်ဘူးအတွင်း ထည့်ထားသော ၁၈ ရာစု တရုတ်ချင်မင်းဆက်၏ ပန်းအိုးကို ဇွန် ၁၂ ရက်တွင် ပဲရစ်မြို့ရှိ လေလံပွဲ၌ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၅ သန်းဖြင့် စံချိန်တင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအလွန်လှပသည့် ကြွေပန်းအိုးကို ချင်မင်းဆက်ဧကရာဇ် ကျန်းလုံအတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းပန်းအိုးကို ယူရိုငါးသိန်းကျော်ဖြင့် ရောင်းချနိုင်မည်ဟုသာ မျှော်လင့်ခဲ့ကြောင်း လေလံကုမ္ပဏီမှ ကျွမ်း ကျင်ပညာရှင်များက ပြောသည်။ ယင်းပန်းအိုးသည် ပြည့်စုံလှပသည့် ပန်းအိုးဖြစ်ပြီး ကမ္ဘာ၌တစ်ခုတည်း သော ပန်းအိုးဖြစ်ကြောင်း လေလံကုမ္ပဏီမှ အာရှရေး ရာ ကျွမ်းကျင်ပညာရှင် အိုလစ်ဗီရာဗာမီရာက ပြော သည်။ ဧကရာဇ်ကျန်းလုံ လက်ထက် ရှားပါးကြွေထည်တစ်ခုကို မကြာသေးမီက ကိန်းဂဏန်းအလွန်ကြီးမား သောဈေးနှုန်းဖြင့် ရောင်းချနိုင်ခဲ့သည်။ ပြီးခဲ့သည့်ဧပြီလအတွင်း အဆိုပါ ရှားပါးကြွေပန်းကန်ကို အမေရိကန် ဒေါ်လာ၃ဝ ဒသမ ၄ သန်းဖြင့် တရုတ်နိုင်ငံ ဟောင်ကောင်မြို့၌ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

သမင်နှင့် ကြိုးကြာရုပ်များဖြင့် အလှဆင်ထားသော အဆိုပါပန်းအိုးသည် ၁၈ ရာစုကြွေထည်လက်ရာများ အနက်မှ တစ်ခုတည်းသော ပန်းအိုးဖြစ်ကြောင်း သိရသည်။

Read 165 times Last modified on Wednesday, 13 June 2018 10:34