SJ WorldNews - шаблон joomla Авто

အကျိုးအမြတ် မရှိပါက နျူကလီးယား သဘောတူ စာချုပ်မှ အီရန် နုတ်ထွက်မည်

Thursday, 14 June 2018 09:27 font size decrease font size decrease font size increase font size increase font size

တီဟီရန် ဇွန် ၁၃

အမေရိကန်နုတ်ထွက်သွားသည့် နျူကလီးယား သဘောတူစာချုပ်သည် နိုင်ငံအတွက် အကျိုးမရှိပါက အီရန်နိုင်ငံကလည်း ယင်းသဘောတူစာချုပ်မှ နုတ်ထွက်မည်ဟု အီရန် သမ္မတ ဟက်ဆန်ရူ ဟာနီက ပြောသည်။

ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနှင့် လက်မှတ်ထိုးထားသော်လည်း အီရန်နိုင်ငံအတွက် အကျိုးဖြစ်ထွန်းမှု မရှိပါက ယင်းသဘောတူ စာချုပ်ကို ဆက်လက်ထိန်းသိမ်းရန် မဖြစ်နိုင်ကြောင်း ဟက်ဆန် ရူဟာနီက ပြင်သစ် သမ္မတအီမန်နျူယယ်မက်ခရွန်နှင့် ဇွန် ၁၂ ရက်တွင် တယ်လီဖုန်းမှတစ်ဆင့် ဆွေးနွေးစဉ်ပြောသည်။

နျူကလီးယား သဘောတူစာချုပ်ကို ထိန်းသိမ်းရန် တိုက်တွန်းထားသည့် ကြေညာချက်တစ်စောင်ကို ပြင်သစ် နိုင်ငံ အပါအဝင် ဥရောပနိုင်ငံများက ထုတ်ပြန်ခြင်းအပေါ် ဟက်ဆန်ရူဟာနီက ချီးကျူြးေ ပာဆိုထားသည်။ သို့သော် ထိုစာချုပ်မှ အီရန်အတွက် အကျိုးဖြစ်ထွန်းစေမည့် လက်တွေ့ကျကာ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ဆောင်ရွက်မှုများကို ဖော်ဆောင်ပေးသင့်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် အီရန်နှင့်ကမ္ဘာ့နိုင်ငံများ အကြားလက်မှတ်ထိုးခဲ့သည့် အဆိုပါ သဘောတူစာချုပ်သည် အခြားနိုင်ငံများ၏ တစ်ဖက်သတ်လုပ်ဆောင်မှု ကြောင့် ပျက်စီးသွားမည်ကို ခွင့်မပြုသင့်ကြောင်း ဟက် ဆန်ရူဟာနီက ဆက်ပြောသည်။

အလားတူ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ထိုးထားသည့် နိုင်ငံကြီးငါးနိုင်ငံအပြင် အီရန်နှင့် ဥရောပ သမဂ္ဂတို့အနေဖြင့် အောင်မြင်မှုရှိပြီး အကျိုးဖြစ်ထွန်းစေသည့် ကြိုးပမ်းမှုများ လုပ်ဆောင်နိုင် မည်ဟု မျှော်လင့် ကြောင်း ၎င်းကပြောသည်။

Read 126 times Last modified on Thursday, 14 June 2018 09:31