SJ WorldNews - шаблон joomla Авто

အစွန်းရောက် တိုက်ခိုက်မှုများကို ကာကွယ်ရာတွင် ရုရှားက ဥရောပနိုင်ငံများအား အကူအညီ ပေးနိုင်

Thursday, 14 June 2018 09:31 font size decrease font size decrease font size increase font size increase font size

ရောမ ဇွန် ၁၃

ရုရှားနိုင်ငံသည် ဥရောပနိုင်ငံများအတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရပ်တည်ခြင်း မရှိဘဲ အစွန်းရောက် တိုက်ခိုက်မှုများကို ကာကွယ်ရာတွင် ဥရောပနိုင်ငံများအား အကူအညီ ပေးနိုင်ကြောင်း အီတလီဒုတိယ ဝန်ကြီးချုပ် မက်တီယိုဆယ်ဗီနီက ပြောသည်။

ရုရှားနိုင်ငံသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲတွင် အခြေခံကျသည့် အဓိကမဟာမိတ်နိုင်ငံဖြစ်သည့် အတွက် ဥရောပနိုင်ငံများ အနေဖြင့် အစွန်းရောက်ဝါဒကို တိုက်ဖျက်ရာတွင် ယင်းနိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင်သင့်ကြောင်း Izvestia သတင်းစာနှင့် ပြုလုပ်သည့်တွေ့ဆုံမေးမြန်းခန်း၌ မက်တီယိုက ပြောသည်။ ထို့ပြင် ရုရှားအပေါ်ထားသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ သဘော ထားသည် ၎င်း၏ သဘောထားနှင့် အတူတူပင်ဖြစ်ကြောင်း မက်တီယိုက ဆက်ပြောသည်။

အီတလီအစိုးရအနေဖြင့် ရုရှားအစိုးရနှင့် ခရိုင်းမီးယားအရေး ဆွေးနွေးမည်ဖြစ်ကြောင်း မက်တီယိုက အစောပိုင်းတွင် ပြောထားသည်။ ထို့ပြင် ခရိုင်းမီးယားအရေးနှင့် ပတ်သက်၍ ရုရှားအပေါ် ဥရော ပသမဂ္ဂက ချမှတ်ထားသော ပိတ်ဆို့မှုသက်တမ်း ထပ်မံတိုးမြှင့်မည့် အစီအစဉ်ကို အီတလီက ဗီတိုအာဏာ အသုံးပြု၍ ပယ်ချမည်ဟု ၎င်းက အရိပ်အမြွက် ဆိုသည်။ ရုရှားနိုင်ငံသည် ကုန်သွယ်မှုနှင့် စွမ်းအင်ကဏ္ဍတို့တွင်လည်း အရေးပါသည့် လုပ်ဖော်ကိုင်ဖက် နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် အီတလီအနေဖြင့် ရုရှားနှင့်ဆက်ဆံရေး တွင်အိမ်နီးချင်းကောင်းမူဝါဒကို ဆက်လက် ကျင့်သုံးမည်ဖြ စ်ကြောင်း မက်တီယိုက ပြောသည်ဟု သိရသည်။

Read 34 times Last modified on Thursday, 14 June 2018 09:40