SJ WorldNews - шаблон joomla Авто

သန္တာကျောက်တန်းများ ပျက်စီးမှုအတွက် တရုတ်ကို တရားစွဲရန် ဖိလစ်ပိုင် တရားရုံးချုပ် တောင်းဆို

Thursday, 14 June 2018 09:40 font size decrease font size decrease font size increase font size increase font size

မနီလာ ဇွန် ၁၃

တောင်တရုတ်ပင်လယ်၏ အငြင်းပွား ရေပိုင်နက်အတွင်းရှိ သန္တာကျောက်တန်းများ ပျက်စီးစေမှုအတွက် တရုတ်နိုင်ငံကို တရားစွဲဆိုရန် ဖိလစ်ပိုင်တရားရုံးချုပ်က ဖိလစ်ပိုင်အစိုးရကို တိုက်တွန်းေ ကြာင်း Reuters သတင်းဌာနက ဇွန် ၁၃ ရက်တွင် ဖော်ပြထားသည်။

တရုတ်အစိုးရသည် ကုလသမဂ္ဂ၏ ပင်လယ်ပြင်ဥပဒေကို ချိုးဖောက်ကာ သန္တာကျောက်တန်းများ ပျက်စီး အောင်လုပ်ဆောင်နေသည့် အတွက် ဖိလစ်ပိုင်အစိုးရ အနေဖြင့် ခုံသမာဓိဖြင့် စီရင်ဆုံးဖြတ် ကာ လျော်ကြေး တောင်းခံသင့်ကြောင်း ခေတ္တတရားသူကြီးချုပ် အန်တိုနီယိုကာပီယိုက ပြောသည်။ ၎င်းသည် ဖိလစ်ပိုင် သမ္မတရိုဒရီဂိုဒူတာတေ၏ တရုတ်အစိုးရနှင့် စီးပွားရေးဆိုင်ရာ ချဉ်းကပ်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ထား သူဖြစ်သည်။

တရုတ်ငါးဖမ်းသမားများသည် နှစ်နိုင်ငံစလုံးကပိုင်ဆိုင်သည်ဟု ပြောဆိုထားသည့် စကားဘရော့သောင်စွယ်ရှိ ခုံးကောင်ကြီးများကိုဖမ်းဆီးပြီး သန္တာကျောက်တန်းများကို ဖျက်ဆီးနေသည်ဟု GMA News သတင်း ဌာနက ဇွန် ၁၁ ရက်တွင်ဖော်ပြထားသည်။ ထို့ကြောင့် တရုတ်ငါးဖမ်း သမားများ၏ ခုံးကောင်များဖမ်းဆီးမှု ကြောင့် သန္တာကျောက်တန်းများ ပျက်စီးရမှုအတွက် ဖိလစ်ပိုင် အစိုးရ အေ နဖြင့် တရုတ်နိုင်ငံက လျော်ကြေး တောင်းခံသင့်ကြောင်း ဇွန် ၁၂ ရက်ထုတ်ပြန်သည့် ကြေညာချက်တွင် ခေတ္တတရားသူကြီးချုပ် အန်တိုနီယို ကာပီယိုက တောင်းဆိုထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် အဆိုပါ သောင်စွယ်ကို ၂ဝ၁၂ ခုနှစ်တွင်သိမ်းပိုက်ပြီး ဖိလစ်ပိုင်ငါးဖမ်းသမားများကို နှင် ထုတ်ကာ ယခုကဲ့သို့လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဖိလစ်ပိုင် အမျိုးသား လုံခြုံရေး အကြံေ ပးက အတည်ပြု ထားသည်။ ဖိလစ်ပိုင်အစိုးရ အနေဖြင့် တရုတ်ငါးဖမ်းသမားများကြောင့် သန္တာကျောက်တန်းများ ပျက်စီးမှုကို တရားစွဲဆိုမည့်အစား တရုတ်အစိုးရနှင့် ဆွေးနွေးသွားမည်ဟု သမ္မတ ရိုဒရီဂိုဒူတာတေ၏ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရီရော့က ပြောသည်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေလက်ထက်တွင် ဖိလစ်ပိုင်-အမေရိကန် ဆက်ဆံရေး ယိုယွင်းလာပြီး တရုတ် နိုင်ငံနှင့် ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန် လာကြောင်း သိရသည်။

Read 67 times Last modified on Thursday, 14 June 2018 09:43