SJ WorldNews - шаблон joomla Авто

မလေးရှား ထိပ်တန်း တရားသူကြီး နှစ်ဦး ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်

Thursday, 14 June 2018 11:57 font size decrease font size decrease font size increase font size increase font size

ပီတလင်းဂျာယာ ဇွန် ၁၃

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်သည် ယခင်အစိုးရနှင့်ရင်းနှီးသည့် ထိပ်တန်းတာဝန်ရှိသူများကို ရာထူးမှဖယ်ရှားနေစဉ် နိုင်ငံ၏ ထိပ်တန်းတရားသူကြီး နှစ်ဦးမှာ ရာထူးမှနုတ်ထွက်ကြော င်း ဇွန် ၁၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်၏ အတိုက်အခံညွန့်ပေါင်း အဖွဲ့သည် ပြီးခဲ့သည့် မေလအထွေထွေ ရွေး ကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် နိုင်ငံ၏ ထိပ်တန်းတာဝန်ရှိသူများ ရာထူးမှ ထုတ်ပယ်ခံ ရခြင်း သို့မဟုတ် ၎င်းတို့ဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ခြင်းမှာ ပြီးခဲ့သည့် မေလမှစ၍ မြင့်တက်လာခြင်း ဖြစ်သည်။

ထို့ပြင် တရားသူကြီးချုပ် ရော့ရှာရစ်နှင့် အယူခံတရားရုံးဥက္ကဋ္ဌ ဇူကီဖလီအာမတ်မာကီနူဒင်တို့ နှစ်ဦးသည် ဇူလိုင် ၃၁ ရက်တွင် ၎င်းတို့၏ဆန္ဒအလျောက် ရာထူးမှနုတ်ထွက်သွားမည် ဖြစ်ကြောင်း ဗဟို တရားရုံး၏ မှတ်ပုံတင်အရာရှိချုပ်ရုံး၏ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။ ၎င်းတို့နှစ်ဦးနုတ်ထွက်မှုကို မလေးရှား ဘုရင်ကလည်း သဘောတူလိုက်ပြီ ဖြစ်ကြောင်း အစီရင်ခံစာတွင် ဆက် လက်ဖော်ပြထားသည်။

မလေးရှားနိုင်ငံ၏ ဥပဒေရေးရာ အသိုင်းအဝိုင်းနှင့် ယခင်အတိုက်အခံပါတီ ဖြစ်သည့်ပါကာတန်ဟာရာပန် (PH) ညွန့်ပေါင်းအဖွဲ့တို့သည် အငြိမ်းစားယူရမည့် အသက်ကျော်လွန်နေပြီဖြစ်သည့် ရော့ရှာ ရစ်နှင့် ဇူကီဖလီတို့အား ရာထူးတွင် ဆက်လက်ခန့်ထားမည့် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့သည်။

မလေးရှားအစိုးရသည် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် တွမ်မီသောမက်ကို ရှေ့နေချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၎င်းသည် နိုင်ငံပိုင်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီဖြစ်သည့် 1MDB ၏ အရှုပ်တော်ပုံနှင့် ပတ် သက်သည့် ပြစ်မှုကျူးလွန်မှုများကို စုံစမ်းစစ်ဆေးသူ ဖြစ်ကြောင်း သိရသည်။

Read 56 times Last modified on Thursday, 14 June 2018 12:00