SJ WorldNews - шаблон joomla Авто

သန္တာကျောက်တန်းများ ပျက်စီးခြင်းသည် ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုကို နှစ်ဆ မြင့်တက်လာနိုင်

Thursday, 14 June 2018 12:00 font size decrease font size decrease font size increase font size increase font size

ပဲရစ် ဇွန် ၁၃

ကမ္ဘာပေါ်ရှိ သန္တာကျောက်တန်းများ ပျက်စီးမှုသည် ကမ်းရိုးတန်းများ၌ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုကို နှစ်ဆမြင့်တက်စေပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုကို သုံးဆမြင့်တက် လာေ စနိုင်ကြောင်း သုတေသနပညာရှင်များက ဇွန် ၁၂ ရက်တွင် ပြောသည်။

ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့်အတူ သန္တာကျောက်တန်း ပျက်စီးမှုသည် ယခုရာစုနှစ်အကုန်၌ ရေကြီးမှုကို လေးဆမြင့်တက်လာနိုင်ကြောင်း Natural Communications ဂျာနယ်၌ သုတေသနအဖွဲ့က ရေးသားထားသည်။ သန္တာကျောက်တန်းများက ခုခံကာကွယ်မှုမပေးလျှင် ရာစုနှစ်တစ်ခုအတွင်း အင်အားပြင်း ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်မှု သည် နှစ်ကြိမ်ဖြစ်ပေါ်လာပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာဆုံးရှုံးနိုင်ကြောင်း ၎င်းအဖွဲ့က တွက်ပြထားသည်။

သန္တာကျောက်တန်းများသည် ပင်လယ်ရေလှိုင်းကို သဘာဝအလျောက် ခုခံကာကွယ်သူဖြစ်ပြီး ရေလှိုင်းခွဲ ခြင်းနှင့် ရေလှိုင်းစွမ်းအင်လျော့ကျစေခြင်းတို့ကြောင့် ရေကြီးခြင်းကို လျှော့ချပေးကြောင်း သ ဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး သုတေသနပညာရှင် အဖွဲ့ကို ဦးဆောင်သူနှင့် ကယ်လီဖိုးနီးယား တက္ကသိုလ် ပါမောက္ခ တစ်ဦးဖြစ်သူ မီချာအယ်ဘက်က ပြောသည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ် ဝန်းရှိ သန္တာကျောက်တန်းများသည် အမြင့်ဆုံးအဆင့် ပျက်စီးဆုံးရှုံးနေပြီး အပူပိုင်းဒေသရှိ ကမ်းရိုးတန်းများ၌ ရေကြီးမှု မြင့်တက်လာ ကြောင်း ၎င်းက AFP သတင်းဌာနသို့ ပြောသည်။ ပင်လယ်ရေ၏ အပူချိန်ကြောင့် သန္တာကျောက်တန်းများကို ကြီးမားစွာထိခိုက်စေနိုင်ကြောင်းနှင့် သန္တာကျောက်တန်း ပျက်စီးမှုကြောင့် ရာသီဥတု ပြောင်းလဲမှုသည် တစ်ဟုန်ထိုးနှင့် ကြိမ်ဖန်များစွာ ဖြစ်ပွားလာနိုင်ကြော င်း သိရသည်။

ဥပမာအားဖြင့် ၂ဝ၁၆ ခုနှစ်တွင် ပင်လယ်ကမ်းရိုးတန်း၌ အပူလှိုင်းဖြတ်မှုကြောင့် သြစတြေးလျရှိ နာမည်ကျော် ဂရိတ်ဘယ်ရီယာသန္တာကျောက်တန်း ၃ဝ ရာခိုင်နှုန်းနီးပါး ပျက်စီးသွားသည်။ ကမ္ဘာ့ ပျမ်းမျှအပူချိန် ၂ ဒီဂရီစင်တီဂရိတ် မြင်တက်လာလျှင် ကမ္ဘာပေါ်ရှိ သန္တာကျောက်တန်းများအားလုံး ပျက်စီးဆုံးရှုံးမည် ဖြစ်ကြောင်းသိရသည်။

Read 54 times Last modified on Thursday, 14 June 2018 12:01