SJ WorldNews - шаблон joomla Авто

ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ နယ်စပ်ထိန်းချုပ်ရေး အသုံးစရိတ်ကို သုံးဆတိုးမြှင့်ရန် ဥရောပ ကော်မရှင် အဆိုပြု

Friday, 15 June 2018 09:36 font size decrease font size decrease font size increase font size increase font size

ဘရပ်ဆဲ ဇွန် ၁၄

မကြာသေးမီနှစ်များအတွင်း ရွှေ့ပြောင်း ဒုက္ခသည်များသည် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ ရောက်ရှိလာပြီး အခြေချနေထိုင်ရန် ကြိုးပမ်းခဲ့သဖြင့် ဥရောပသမဂ္ဂ၏ ပြောင်းရွှေ့နေထိုင်မှု ဆိုင်ရာမူဝါ ဒမှာ အငြင်းပွား စရာကိစ္စရပ်တစ်ခု ဖြစ်လာသည်။

ထို့ကြောင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နယ်စပ်ထိန်းချုပ်ရေးဆိုင်ရာ အသုံးစရိတ်ကို သုံးဆတိုးမြှင့်ရန် အစီအစဉ်များကို ဥရောပ ကော်မရှင်က အဆိုပြုသည်။ တိုးမြှင့်လိုက်သည့် အသုံးစရိတ် များကို ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်တရားဥပဒေ စိုးမိုးရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် အသုံးပြုသွားမည်ဖြစ်သည်။ ထို့ပြင် ဥရောပနယ်စပ်နှင့် ကမ်းရိုး တန်း အစောင့်တပ်ဖွဲ့ (Frontex) အတွက် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ဝဝဝဝ ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးရန် ဥရောပကော်မရှင်က တောင်းဆိုသည်။

ဥရောပကော်မရှင်၏ အဆိုပြုချက်အရ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၇ ခုနှစ်အထိ ဥရောပ သမဂ္ဂ၏ နယ်စပ်ထိန်းချုပ် ရေးအသုံးစရိတ်ကို ယူရို ၁၃ ဘီလီယံမှ ယူရို ၃၄ ဒသမ ၉ ဘီလီယံအထိ တိုးမြှင့်သုံးစွဲ ရမည်ဖြစ်သည်။ အဆိုပါ နယ်စပ်ထိန်းချုပ်ရေး အသုံးစရိတ်နှင့် ပတ်သက်၍ ဥရောပ ကောင်စီသာမက ဥရောပလွှတ်တော်ကပါ လက်ရှိအချိန်အထိ အတည်မပြုရသေးပေ။ ရွှေ့ပြောင်းဒုက္ခသည်များ ဝင်ရောက်မှုနှင့် စပ်လျဉ်း၍ ပြီးခဲ့ သည့်အတွေ့အကြုံများကို ပြန်လည်သုံးသပ်ပါက ယင်းကိစ္စမှာ အနာဂတ်တွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်သောကြောင့် နယ်စပ်ထိန်းချုပ်ရေး အသုံးစရိတ်တိုးမြှင့်ရန် အဆိုပြုရခြင်းဖြစ်ကြောင်း ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ ဖရန်တင်မာမန်းက ဇွန် ၁၃ ရက်တွင်ပြောသည်။

ဥရောပနယ်စပ်များ ထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ဦးစားပေးကိစ္စ အနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နယ်စပ်ထိန်းချုပ်မှု အသုံးစရိတ် တိုးမြှင့်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ လိုအပ်ချက် များကို အမြန်ဆုံး ထောက်ပံ့ရန် အသင့်ရှိနေသည်ကို ပြသနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်ဟု သိရသည်။

Read 148 times Last modified on Friday, 15 June 2018 09:39