SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

THAAD ဒုံးကျည်ကာကွယ်ရေး စနစ်နှင့် ပတ်သက်၍ ဖြေရှင်းရန် တောင်ကိုရီးယားကို တရုတ်တောင်းဆို

Saturday, 04 August 2018 09:29 font size decrease font size decrease font size increase font size increase font size

စင်ကာပူ ဩဂုတ် ၃

တောင်ကိုရီးယားနိုင်ငံ၌ ဖြန့်ကြက်ထားသော အမေရိကန်၏ အဆင့်မြင့်ဒုံးကျည် ကာကွယ်ရေး စနစ်ဖြစ်သည့် THAAD စနစ်နှင့် ပတ်သက်၍ဖြေရှင်းရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တောင်ကိုရီးယားအစိုးရကို ဩဂုတ် ၃ ရက်တွင် တောင်းဆိုလိုက်သည်။ စင်ကာပူနိုင်ငံ၌ ကျင်းပသော အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲ၏ ဘေးပန်းဆွေးနွေးပွဲတွင် တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးကန်ကျောင်ဝှာနှင့် တွေ့ဆုံစဉ် ဝမ်ယီက ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်ကြောင်း တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကိုရီးယားကျွန်းဆွယ်၌ ငြိမ်းချမ်းရေးလုပ်ငန်း တိုးတက်လာစဉ် တရုတ်အစိုးရ၏ ထပ်မံတောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါ ဒုံးကျည်ကိစ္စကို ပြည့်စုံစွာဖြေရှင်းရန် လိုအပ်ကြောင်း ဝမ်ယီကပြောထားသည်။ ထို့ပြင်ကိုရီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး အပါအဝင် မြောက်ကိုရီးယားနှင့် အမေရိကန်ဆက်ဆံရေးသည် ကိုရီးယားကျွန်းဆွယ်၌ ထာဝရ ငြိမ်းချမ်းရေးကို ဦးတည်နိုင်မည်ဟု မျှော်လင့်ကြောင်း ဝမ်ယီက ဆက်ပြောသည်။ တရုတ်အစိုးရ အနေဖြင့် တောင်ကိုရီးယားနှင့် ဆက်ဆံရေး ပုံမှန်ဖြစ်စေရန် ပိုမိုကြိုးပမ်းမည်ဟု မျှော်လင့်ကြောင်း ကန်ကျောင်ဝှာကပြောသည်။ အမေရိကန်စစ်ဘက်သည် ပြီးခဲ့သည့်နှစ်တွင် မြောက်ကိုရီးယား၏ ဒုံးကျည်ခြိမ်းခြောက်မှုကို ကာကွယ်ရန် တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းဒေသ၌ THAAD ဒုံးကျည်ကာကွယ်ရေး စနစ်များကို ဖြန့်ကြက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဒုံးကျည် စနစ်ဖြန့်ကြက်မှုကို တရုတ်အစိုးရက အပြင်းအထန်ကန့်ကွက်ပြီး တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံအကြား သံတမန်ရေးနှင့် နိုင်ငံရေးအရ ဆက်ဆံရေးကို တင်းမာစေခဲ့ကြောင်း သိရသည်။

Read 143 times Last modified on Saturday, 04 August 2018 09:29