SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အမေရိကန်နှင့် ဆက်ဆံရေး တင်းမာနေစဉ် အီရန်က ပင်လယ်ကွေ့အတွင်း စစ်ရေးလေ့ကျင့်

Saturday, 04 August 2018 09:29 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဩဂုတ် ၃

အီရန်နိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာနေစဉ် ပင်လယ်ကွေ့အတွင်း စစ်ရေးလေ့ကျင့်မှုကို စတင်လုပ်ဆောင်ခဲ့သည်ဟု အမေရိကန်အရာရှိများက ပြောသည်။ စစ်ရေးလေ့ကျင့်မှုတွင် စစ်ရေယာဉ်ငယ်များ အပါအဝင် စစ်သင်္ဘောအစင်း ၁၀ဝ ကျော်ပါဝင်ကြောင်း အမည်မဖော်လိုသူ အမေရိကန် အရာရှိတစ်ဦးက Reuters သတင်း ဌာနသို့ ပြောသည်။ ထို့ပြင် စစ်ရေးလေ့ကျင့်မှုများကို ယခုသီတင်းပတ်အတွင်း အပြီးသတ် လုပ်ဆောင်သွားဖွယ် ရှိသည်ဟု အမေရိကန်အရာရှိ တစ်ဦးကပြောသည်။ အီရန်ရေတပ်သည် ဟော်မုရေလက်ကြား အပါအဝင် ပင်လယ်ကွေ့အတွင်း စစ်ရေးလှုပ်ရှားမှုများ မြင့်တက်နေသည်ဟု အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်က ယခုသီတင်းပတ် အတွင်း ထုတ်ပြန်ထားသည်။ အီရန်အနေဖြင့် ရေနံသယ်ယူပို့ဆောင်ရာတွင် မဟာဗျူဟာမြောက် အရေးပါသည့် အဆိုပါ ရေလက်ကြားကို ပိတ်မည်ဟု အစောပိုင်းတွင် ခြိမ်းခြောက်ထားသည်။ အီရန်အပေါ် ချမှတ်ထားသည့် အမေရိကန် အစိုးရ၏ ပိတ်ဆို့မှုများသည် ယခုအခါ အီရန်၏ စီးပွားရေးအပေါ် သက်ရောက်လာပြီး အီရန်အစိုးရ အနေဖြင့် အမေရိကန် အစိုးရကို ဆန့်ကျင်ရန် ၎င်းတို့၏ ပြည်သူများကိုလှုံ့ဆော်လာနိုင်ဖွယ် ရှိကြောင်း အမေရိကန် ထောက်လှမ်းရေး အဖွဲ့များကပြောသည်။ အီရန်နိုင်ငံအတွင်းရှိ မြို့ကြီးများတွင်လည်း ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ သောက်သုံးရေ ပြတ်လပ်ခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် အစိုးရ အဖွဲ့အတွင်း အကျင့်ပျက်မှုများကြောင့် ယခုနှစ်စမှစ၍ ဆန္ဒပြမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

Read 237 times Last modified on Saturday, 04 August 2018 09:30