SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

အာဖဂန်နစ္စတန်ရှိ ဗလီတစ်ခု၌ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၃၅ ဦးသေဆုံး ၇၀ ကျော်ဒဏ်ရာရ

Saturday, 04 August 2018 09:30 font size decrease font size decrease font size increase font size increase font size

ကဘူး ဩဂုတ် ၃

အာဖဂန်နစ္စတန် နိုင်ငံအရှေ့ပိုင်း ပက်တီယာပြည်နယ် ဂါဒက်မြို့၌ အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် လူ ၃၅ ဦးသေဆုံးပြီး ၇၀ ကျော်ဒဏ်ရာရရှိကြောင်း အာဖဂန် ရဲတပ်ဖွဲ့၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်း သတင်းဌာနက ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ အသေခံဗုံးခွဲ တိုက်ခိုက်မှုအတွင်း လူ ၁၅ ဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိကြောင်း ဩဂုတ် ၃ ရက် အစောပိုင်းတွင် Pajhwok Afghan သတင်းဌာနက ထုတ်ပြန်ထားသည်။ ဂါဒက်မြို့ရှိ ဗလီကျောင်းတစ်ခု၌ ဝတ်ပြုဆုတောင်းမှု ပြုလုပ်နေစဉ် အတွင်း တိုက်ခိုက်ရေး သမားတစ်ဦးက အသေခံဗုံးခွဲ တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ယင်းတိုက်ခိုက်မှုအတွင်း လူရှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိကြောင်း Tolo သတင်းဌာနက ထုတ်ပြန်ထားသည်။ အာဖဂန် နစ္စတန်နိုင်ငံသည် တာလီဘန် အစွန်းရောက် လှုပ်ရှားရေးနှင့် အကြမ်းဖက် အဖွဲ့အစည်းများ၏ တက်ကြွလှုပ်ရှားမှုများကြောင့် နိုင်ငံရေး၊ လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ မတည်ငြိမ်မှုများကို ကြာရှည်စွာရင်ဆိုင် ခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။

Read 159 times Last modified on Saturday, 04 August 2018 09:30