SJ WorldNews - шаблон joomla Авто

အမေရိကန်က ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ခြင်းသည် အလွန်ပြင်းထန်ဟု ရုရှားအစိုးရဆို

Friday, 10 August 2018 09:12 font size decrease font size decrease font size increase font size increase font size

မော်စကို    သြဂုတ်   

ဗြိတိန်နိုင်ငံ၌   ရုရှားထောက်လှမ်းရေး အရာရှိဟောင်းနှင့် ၎င်း၏ သမီးတို့ ဓာတုဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခံရမှုမှာ ရုရှားအစိုးရ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲကာ အမေ ရိကန်က ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့ မှုအသစ်များ ချမှတ်ခြင်းသည် အလွန်ပြင်း ထန်ကြောင်း အမေရိကန်ရှိ ရုရှားသံရုံးက သြဂုတ် ၉ ရက်တွင် ထုတ်ဖော်ပြော ဆိုသည် ဟု သိရသည်။

ရုရှားအစိုးရသည်  ထောက်လှမ်းရေး အရာရှိဟောင်း ဆာဂျီစခရီပယ်နှင့် သမီး ယူလီယာတို့ကို  တိုက်ခိုက်မှုတွင်  နောက် ကွယ်မှကြိုးကိုင်ခဲ့ကြောင်း အမေရိကန် အစိုးရက ဆုံးဖြတ်ချက်ချပြီးနောက် ယင်း နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များ ချမှတ်မည်ဖြစ်ကြောင်း သြဂုတ် ၈ ရက်တွင် ကြေညာသည်။

အဆိုပါတိုက်ခိုက်မှုမှာ ရုရှားအစိုးရ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲမှုများစွာကို ရုရှား အစိုးရက အကြိမ်ကြိမ်ငြင်း ဆိုထားပြီး အမေရိကန် အစိုးရသည် သက်သေအထောက် အထားခိုင်လုံမှုမရှိဘဲ အပြစ်ရှာ၍ စွပ်စွဲပြော ဆိုခြင်း ဖြစ်ကြောင်း ဝါရှင်တန်မြို့ရှိ   ရုရှား သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

ရုရှားအစိုးရသည် အမေရိကန်နိုင်ငံသား ရုရှားထောက်လှမ်းရေး အရာရှိဟောင်းကို တိုက်ခိုက်ရန်အတွက် နိုဗီချော့ အဆိပ်ဓာတ် ငွေ့ကိုအသုံးပြုခဲ့သည်ဟုစွပ်စွဲကာ ရုရှားနိုင်ငံအပေါ် ပြင်းထန်သော အရေးယူပိတ်ဆို့မှု အသစ်များ ချမှတ်မည်ဖြစ်ကြောင်း  သြဂုတ် ၈ ရက်တွင် သတင်းရရှိသည်ဟု ရုရှားသံရုံးက အစီရင်ခံစာ တစ်စောင်တွင် ရေးသားထားသည်။ ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အသစ်ချမှတ်မည်ဟူသော အမေရိကန်၏ ကြေညာချက် ကြောင့် ရုရှားနိုင်ငံ၏ အကျိုး စီးပွား ထိခိုက်ခဲ့ကြောင်း သိရသည်။

ရုရှားအစိုးရအနေဖြင့် ထောက်လှမ်းရေး အရာရှိဟောင်း တိုက်ခိုက်ခံရမှု နှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိသော စုံစမ်း စစ်ဆေးမှု များကို ပြုလုပ်မည်ဖြစ်ကြောင်း ရုရှားသံရုံးက ပြောဆိုထားသည်။

Read 10 times Last modified on Friday, 10 August 2018 09:13