SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံ၌ Mercedes-Benz ကားဝယ်လိုအား စံချိန်တင်မြင့်တက်

Friday, 10 August 2018 11:48 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ၌  ယခုနှစ်ပထမခုနစ်လ အတွင်း Mercedes-Benz ကားဝယ်လိုအား စံချိန်တင်မြင့်တက်လာသည်ဟု   အဆိုပါ ကမ္ဘာကျော်မော်တော်ကားကုမ္ပဏီ၏ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

Mercedes-Benz မော်တော်ကားကုမ္ပဏီသည် ယခုနှစ်ဇန်နဝါရီလမှ ဇူလိုင်လအတွင်း တရုတ်နိုင်ငံ၌ အစီးရေ ၃၉၂၇၈ဝ ရောင်း ချခဲ့ရပြီး မော်တော်ကား ရောင်းချနိုင်မှုနှုန်းသည် ပြီးခဲ့သည့် နှစ်ကထက် ၁၅ဒသမ၁  ရာခိုင်နှုန်း မြင့် တက်လာသည်ဟု စတုဂက် အခြေစိုက်ကုမ္ပဏီကြီးက ထုတ်ပြန်ထားသည်။ ထို့ပြင် ၂ဝ၁၈ ခုနှစ် ဇူလိုင်လ တစ်လ အတွင်းမှာပင် Mercedes-Benz  ကားအစီးရေ ၅၂၆၁၆ စီးရောင်းချ နိုင်ခြင်းကြောင့် ပြီးခဲ့သည့်နှစ်   အလားတူ ကာလအတွင်း ရောင်းချနိုင်ခဲ့သည့် ပမာဏနှင့် နှိုင်းယှဉ် ပါက၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာသည်။

Mercedes-Benz  မော်တော်ကား ကုမ္ပဏီသည် ယခုနှစ်ပထမခုနစ်လအတွင်း တစ်ကမ္ဘာလုံးရှိ   ဈေးကွက်များ၌ ရောင်းချနိုင်ခဲ့သည့် မော်တော်ကားအစီးရေမှာ ၁၃၅၆၃၅ဝ  ရှိသောကြောင့် ဝယ်လိုအား ၂ ဒသမ ၃ ရာခိုင်နှုန်းမြင့် တက်လာ သည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

တရုတ်နှင့် ကမ္ဘာ့မော်တော်ကား ဈေးကွက်များအတွင်းရှိ   ဝယ်ယူသူများသည် နှစ်တစ်နှစ်၏ ပထမခုနစ်လ အတွင်း  Mercedes-Benz မော်တော်ကားများကို ယခင်က ဤမျှလောက်ဝယ်ယူခဲ့ခြင်းမရှိကြောင်း၊ မော် တော်ကား ကုမ္ပဏီ အနေဖြင့် ၎င်းတို့၏ C-Class အမျိုးအစား ဆလွန်းကားများကို ဈေးကွက်တွင် ရောင်းချခဲ့ပြီးဖြစ် ရာ ယခုအချိန် အထိ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အစီးရေ ၉ ဒသမ ၅ သန်းကျော်ရောင်းချပြီးဖြစ်ကြောင်း၊ ထို့ပြင် C-Class မော်ဒယ်သစ် ကားများကို   ဥရောပရှိမော်တော် ကားဈေးကွက်၌ ယခုနှစ်ဇူလိုင်လမှစ၍ပြသထား ရာ ဝယ်လိုအားဆက်လက်ကောင်းနေမည် ဟုမျှော်လင့်ကြောင်း ကုမ္ပဏီဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ရစ်တာ ဆီးဂျားက ပြောသည်။

Read 30 times Last modified on Friday, 10 August 2018 11:49