SJ WorldNews - шаблон joomla Авто

အသက် ၁၄ နှစ်ရှိ ဆယ်ကျော်သက်တစ်ဦးက ဗားမောင့်မြို့တော်ဝန် ရွေးကောက်ပွဲ ဝင်မည်

Wednesday, 15 August 2018 09:59 font size decrease font size decrease font size increase font size increase font size

နယူးယောက် သြဂုတ် ၁၄

အမေရိကန် ပြည်ထောင်စု ဗားမောင့်ပြည်နယ်မှ အသက် ၁၄ နှစ်ရှိ ဆယ်ကျော်သက် တစ်ဦးသည် မြို့တော်ဝန် ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံမည် ဖြစ်ကြောင်း သိရသည်။

အီသန်ဆွန်းနာဘွန်း အမည်ရှိ အဆိုပါ ကလေးငယ်သည် မြို့တော်ဝန်အဖြစ် ဝင်အရွေးခံမည့် လူပုဂ္ဂိုလ်၏ အသက်အရွယ်ကို ကန့်သတ်ထားခြင်း မရှိသည့် ပြည်နယ်၏ အခြေခံဥပဒေအပေါ် အခွင့်ကောင်းယူ၍ ရွေးကောက်ပွဲဝင်ရန် စီစဉ်ခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြို့တော်ဝန်အဖြစ် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ် လောင်းများသည် ပြည်နယ်အတွင်း အနည်းဆုံး လေးနှစ်ကြာ နေထိုင်သူဖြစ်ရမည် ဟု ပါရှိသည်။ အီသန်ဆွန်းနာဘွန်းသည် ဗားမောင့်ပြည်နယ်၌ ၁၄ နှစ်ကြာနေထိုင်ပြီး သူဖြစ်သည်။

အီသန်ဆွန်းနာဘွန်းသည် ကျန်းမာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး စသည့်ကဏ္ဍများနှင့် ပတ်သက်၍ လုပ်ဆောင်မည့် စိတ်ကူး စိတ်သန်းများကို ၄င်း၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။

အီသန်ဆွန်းနာဘွန်း၏ ပြိုင်ဘက်များတွင် ခရစ္စတင်းဟောကွစ်၊ ရေတပ် စစ်မှုထမ်းဟောင်းနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူ ဂျိမ်းအေလာ၊ အကပွဲတော်တစ်ခု၏ အမှုဆောင် ညွှန်ကြားရေးမှူး ဘရန်းဒါဆီးဂဲတို့ ပါဝင်သည်။ ၄င်းတို့အနက် ခရစ္စတင်းဟောကွစ်သည် အမေရိကန် ပြည်ထောင်စု၏ လိင်ပြောင်းလဲထားသည့် ပထမဆုံးသော မြို့တော်ဝန် ဖြစ်လာစေရန် မျှော်မှန်းထားကြောင်း သိရသည်။

Ref: AFP

Read 165 times Last modified on Wednesday, 15 August 2018 10:00