SJ WorldNews - шаблон joomla Авто

အရှေ့တရုတ် ပင်လယ်၌ အမေရိကန် ဗုံးကြဲလေယာဉ်များ ပျံသန်းပြီးနောက် တရုတ်က ကြားဖြတ်ဒုံးကျည်များ စမ်းသပ် ပစ်ခတ်

Wednesday, 15 August 2018 10:00 font size decrease font size decrease font size increase font size increase font size

ပေကျင်း သြဂုတ် ၁၄

အမေရိကန်ပြည်ထောင်စုမှ B-52 ဗုံးကြဲ လေယာဉ်များသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း အရှေ့တရုတ် ပင်လယ်၌ ပျံသန်းပြီးနောက် တရုတ်ရေတပ်က ကြားဖြတ်ပစ်ချရေး ဒုံးကျည်များကို စမ်းသပ် ပစ်ခတ်မှု လုပ်ဆောင်သည်။

ထိုကြားဖြတ်ပစ်ချရေး ဒုံးကျည်များသည် သင်္ဘောဖျက်ဒုံးကျည်များကို ပစ်မှတ်ထား၍ ကြားဖြတ် ပစ်ချမည် ဖြစ်ပြီး ကျပန်းရွေးချယ်ထားသော ကော်ဗက်စစ်ရေယာဉ် ၁ဝ စင်းက အဆိုပါ စမ်းသပ်ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်ပြည်သူ့ လွတ်မြောက် ရေး တပ်မတော်ပိုင် PLA Daily သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် ယင်းစမ်းသပ် ပစ်ခတ်မှုများသည် ဂျပန် သို့မဟုတ် အမေရိကန်တို့၏ ရန်လိုမှု ဖြင့် လုပ်ဆောင်လာနိုင်သည့် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်း ဖြစ်သည်ဟု သတင်းစာ ၏ ဖော်ပြချက်အရ သိရသည်။

သင်္ဘောဖျက် ဒုံးကျည်များကို ကြားဖြတ်ပစ်ချခြင်း စမ်းသပ်ပစ်ခတ်မှုသည် ပတ်လည် ဝိုင်းနေသော စိန်ခေါ်မှုများ တိုးမြင့်လာသောကြောင့် အရေးပေါ် လုပ်ဆောင်ရသည့် စမ်းသပ်မှု ဖြစ်ကြောင်း စစ်ဘက်လေ့လာသူ တစ်ဦးဖြစ်သည့် ဆုန်ဂျောင်ပင်းက Global Times Sunday သတင်းစာသို့ ပြောသည်။

ဒုံးကျည်ကာကွယ်ရေး စွမ်းရည်မှာ မဟာဗျူဟာမြောက် ရေတပ်ကို တည်ဆောက်ရေးတွင် မရှိမဖြစ်သော စွမ်းရည်ဖြစ်ကြောင်း၊ အချို့သော လေ့ကျင့်ခန်းများမှာ စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုကို သေချာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။  

ef: Sputnik

Read 185 times Last modified on Wednesday, 15 August 2018 10:02