SJ WorldNews - шаблон joomla Авто

ဝန်ထမ်းများ အနေဖြင့် အစိုးရကို မျက်စိမှိတ် သစ္စာမခံရန် မလေးရှား ဝန်ကြီးချုပ်ပြော

Thursday, 16 August 2018 10:29 font size decrease font size decrease font size increase font size increase font size

ကွာလာလမ်ပူ သြဂုတ် ၁၅

မလေးရှား ပြည်သူ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးနှင့် သံတမန်ရေး အရာရှိများ၊ ရဲတပ်ဖွဲ့နှင့် စစ်ဘက်အမှုထမ်း များအနေဖြင့် အစိုးရကို မျက်စိမှိတ် သစ္စာမခံရန်နှင့် ဥပဒေကို ဆန့်ကျင်သော ညွှန်ကြားချက်များကို မလိုက်နာရန် မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမတ်က ပြောသည်။

အကယ်၍ အမှုထမ်း များအနေဖြင့် ၄င်းတို့ ရရှိသည့် ညွှန်ကြားချက်က မှားယွင်းပြီး ဥပဒေကို ချိုးဖောက်နေလျှင် ယင်းညွှန်ကြားချက်ကို မလိုက်နာ သင့်ကြောင်းနှင့် အစိုးရ မူဝါဒ များနှင့်အညီ ထွက်ပေါ်လာသော အမိန့်များမှလွဲ၍ အမိန့်အားလုံးကို လိုက်နာရန် မလိုကြောင်း မဟာသီယာ မိုဟာမတ်က သြဂုတ် ၁၅ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်သော အစည်းအဝေးတွင် အုပ်ချုပ်ရေးနှင့် သံတမန်ရေး အရာရှိ ၃၅ဝဝ ခန့်ကို ပြောသည်။

ဝန်ကြီးချုပ် အနေဖြင့် လူတစ်ယောက်ကို သတ်ရန် ညွှန်ကြား လာပါက ထိုညွှန်ကြားချက်ကို လိုက်နာရန် မလိုကြောင်းနှင့် တိကျသော မူဝါဒများနှင့်အညီ ပေးသော ညွှန်ကြားချက်နှင့် ရာဇဝတ်မှု ကျူးလွန်ရန်ပေးသော ညွှန်ကြားချက်က ကွဲပြားနေကြောင်း မဟာသီယာ မိုဟာမတ်က ပြောသည်။

ထို့ပြင် အမှုထမ်း တစ်ဦးအနေဖြင့် ရာဇဝတ်မှုမှ သက်သေကို ဖုံးကွယ်ခြင်း သည်လည်း မှားယွင်းကြောင်း ၄င်းက ဆက်ပြောသည်။

၂ဝဝ၆ ခုနှစ်တွင် အသတ်ခံရပြီး ခန္ဓာကိုယ်ကို စစ်ဘက်အဆင့်သုံး ဖောက်ခွဲရေး ပစ္စည်းများဖြင့် ဖောက်ခွဲကာ သက်သေ ဖျောက်ဖျက်ခံရသော မွန်ဂိုလီးယားမော်ဒယ် အယ်တန်တူယာ ရှာရီဘူး၏ အမှုကို မလေးရှား အစိုးရက ယခုနှစ်ဇွန်လတွင် ပြန်လည် စုံစမ်းစစ်ဆေး ခဲ့သည်။

ယင်းမော်ဒယ်သည် ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၈ ခုနှစ်အထိ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက၏ အကြံပေးဖြစ်သော နိုင်ငံရေး လေ့လာ ဆန်းစစ်သူ အတ်ဒယ်ရာဇတ် ဘာဂင်ဒါ၏ ရည်းစားဖြစ်ကြောင်း သိရသည်။ ယင်းအမှုနှင့် ပတ်သက်၍ နာဂျစ်ရာဇက်၏ သက်တော်စောင့်များ ဖြစ်သော ဆာရယ်အတ်ဟာအူမာနှင့် အဇီလာဟာဒရီ အမည်ရှိ ရဲတပ်ဖွဲ့ဝင် နှစ်ဦးကို အပြစ်ရှိကြောင်း တွေ့ရှိပြီး ၂ဝ၁၅ ခုနှစ်တွင် ၄င်းတို့ နှစ်ဦးကို သေဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

Ref: Bernama

Read 174 times Last modified on Thursday, 16 August 2018 10:30