SJ WorldNews - шаблон joomla Авто

ကမ္ဘာ့ရင်းနှီးမြှုပ်နှံ သူများက အမေရိကန် ငွေချေးစာချုပ်ကို စွန့်လွှတ်၍ ရွှေနှင့် တရုတ်ငွေချေး စာချုပ်များကို ဝယ်ရန် စိတ်ဝင်စား

Friday, 17 August 2018 10:31 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်အစိုးရ၏ မသေချာမ ရေရာမှုများကြောင့် အမေရိကန် ငွေချေးစာချုပ်များကို စွန့်လွှတ်၍ ရွှေဝယ်ယူ သိမ်းဆည်းခြင်းနှင့် ယွမ်ငွေကြေးဖြင့် ထုတ်ဝေသည့် တရုတ်ငွေချေး စာချုပ်တို့ကို ဝယ်ရန် စိတ်ဝင်စားလျက်ရှိသည်။

အီရန်နှင့်ရုရှား နိုင်ငံတို့အပေါ် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ချမှတ်ထားသည့် ပိတ်ဆို့မှုများနှင့် တရုတ်နှင့် အမေရိကန်တို့အကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေး ပဋိပက္ခ တို့သည် ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုအပေါ် ကြီးကြီးမားမား အကျိုးသက်ရောက် လာမည်ကို ရင်းနှီးမြှုပ်နှံ သူများက စိုးရိမ်မကင်း ဖြစ်နေသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများသည် ယခုနှစ်အတွင်းမှာပင် အမေရိကန် ဒေါ်လာဖြင့် ထုတ်ဝေခဲ့သည့် ငွေချေးစာချုပ်များကို စတင် စွန့်လွှတ်နေပြီ ဖြစ်သည်။ ဥပမာအားဖြင့် ရုရှားနိုင်ငံက ပိုင်ဆိုင်ထားသည့် အမေရိကန် ငွေချေးစာချုပ် တန်ဖိုးသည် ပြီးခဲ့သည့်မတ်လတွင် ဒေါ်လာ ၉၆ ဒသမ ၁ ဘီလီယံ ရှိခဲ့သော်လည်း ယခုနှစ် မေလတွင် ဒေါ်လာ ၁၄ ဒသမ ၉ ဘီလီယံခန့်

အထိလျော့ကျ လာခြင်းကြောင့် ရာခိုင်နှုန်း အားဖြင့် ၈၄ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်။ ထို့ပြင် တူရကီ အစိုးရကလည်း ၄င်းတို့ လက်အတွင်းရှိ အမေရိကန် ငွေချေးစာချုပ် ပမာဏကို ထက်ဝက်ခန့်အထိ လျှော့ချလိုက်သည်။ ကမ္ဘာပေါ်တွင် အမေရိကန် ငွေချေးစာချုပ် များကို ဒုတိယအများဆုံး ပိုင်ဆိုင်ထားသည့် ဂျပန်နိုင်ငံသည် ၄င်းတို့၏ ပမာဏကို ဒေါ်လာ ၁၂ ဒသမ ၃ ထရီလီယံမှ ဒေါ်လာ ၁ ဒသမ ဝ၃ ထရီလီယံအထိ လျှော့ချခဲ့သည်။ လက်ရှိတွင် အမေရိကန် ငွေချေးစာချုပ်ကို အများဆုံး ပိုင်ဆိုင်ထားသည့် နိုင်ငံမှာ တရုတ်နိုင်ငံ ဖြစ်သည်။ ယခုအခါ တရုတ်နိုင်ငံသည်လည်း အမေရိကန် ပြည်ထောင်စုနှင့် ကုန်သွယ်ရေး စစ်ပွဲ ဖြစ်ပွားနေသည်။ ထို့ကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ သူများသည် ယွမ်ငွေကြေးဖြင့် ထုတ်ဝေထားသည့် တရုတ် ငွေချေးစာချုပ်များကို တိုးမြှင့် ဝယ်ယူခြင်းနှင့် ၄င်းတို့၏ ပိုင်ဆိုင်မှု အာမခံချက် ရှိစေရန်အတွက် ရွှေများကို ဝယ်ယူ စုဆောင်းလျက် ရှိသည်ဟု  Wall Street Journal က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဖော်ပြထားသည်။

ရုရှား အစိုးရ၏အရန် ရွှေစုဆောင်းမှု ပမာဏသည် ယခုနှစ် ဇွန်လ အတွင်းမှာပင် တန်ချိန် ၂ဝဝဝ နီးပါးအထိ မြင့်တက်လာကြောင်း ရုရှားဗဟိုဘဏ်က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

Ref: Sputnik

Read 229 times Last modified on Friday, 17 August 2018 10:32