SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အမေရိကန်၏ စီးပွားရေး တိုက်ခိုက်မှုကြောင့် ရုရှားက တူရကီနှင့် ကုန်သွယ်မှုတွင် ရူဘယ်ငွေကို အသုံးပြုရန် ကြိုးပမ်းလာ

Friday, 17 August 2018 10:32 font size decrease font size decrease font size increase font size increase font size

အမေရိကန် အစိုးရ၏ စီးပွားရေး တိုက်ခိုက်မှုကို တူရကီနိုင်ငံက ရင်ဆိုင်နေရစဉ် ရုရှား အစိုးရက တူရကီနှင့် ကုန်သွယ်မှုတွင် ရူဘယ်ငွေကို အသုံးပြုရန် ကြိုးပမ်းနေသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုတွင် ရူဘယ်ငွေကို အသုံးပြုနိုင်ရေး အတွက် လွန်ခဲ့သော နှစ်များစွာ ကတည်းက ကြိုးပမ်းနေခြင်း ဖြစ်သည်။

ထို့ပြင် ရုရှားအစိုးရသည် တူရကီနှင့် စီးပွားရေးအရ ဆက်ဆံရေး ကိုလည်း တိုးမြှင့်ရန် ကြိုးပမ်းသွားမည်ဟု သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ယခုရက် သတ္တပတ် အစောပိုင်းတွင် ပြောသည်။

အမေရိကန်အစိုးရက တူရကီအပေါ် အဓိက ပစ်မှတ်ထား လုပ်ဆောင်သည့် စီးပွားရေး တိုက်ခိုက်မှုကြောင့် တူရကီ၏ လီရာငွေ တန်ဖိုးသည် အဆိုးဆုံး အဆင့်သို့ ကျဆင်း သွားသော်လည်း နောက်ပိုင်းတွင် ပြန်လည် ဦးမော့လာပြီး ရုရှားနှင့် တူရကီတို့၏ ပူးတွဲ စီမံကိန်းများအပေါ် ထိခိုက်မှု မရှိသေးပေ။

ထို့ပြင် လိုအပ်ပါက ရုရှား အစိုးရ အနေဖြင့် တူရကီနိုင်ငံသို့ ဘဏ္ဍာရေး အကူအညီများ ပေးအပ်နိုင်ဖွယ် ရှိသည်ဟု ဒီမီထရီ ပက်စကော့က ဆက်ပြောသည်။

တူရကီအစိုးရက ရုရှားမှ လေကြောင်းကာကွယ်ရေး စနစ်ကို ဝယ်ယူရန် ဆုံးဖြတ်ခြင်း၊ အမေရိကန် နိုင်ငံသား သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် ပါဝင်မှုဖြင့် တူရကီက ဖမ်းဆီးခြင်း၊ အာဏာသိမ်းရန် ကြိုးပမ်းမှုကို အဓိက ကြိုးကိုင်ခဲ့သည့် ဖတ်သူ လာဂူလန်ကို လွှဲပြောင်းပေးရန် တူရကီ၏ တောင်းဆိုမှုကို အမေရိကန်က ငြင်းဆိုခြင်း တို့ကြောင့် NATO အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် တူရကီနှင့် အမေရိကန် အစိုးရ တို့အကြား ဆက်ဆံရေးမှာ တစ်စထက်တစ်စ ယိုယွင်းလာခြင်း ဖြစ်သည်။

နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာပြီးနောက် တူရကီ အစိုးရသည် ၄င်းတို့၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများ ဖြစ်သည့် ရုရှား၊တရုတ်၊ အီရန်၊ ယူကရိန်းတို့နှင့် ကုန်သွယ်မှုတွင် အမေရိကန် ဒေါ်လာအစား လီရာငွေကြေးစနစ် ကိုသာ အသုံးပြု လုပ်ဆောင်ရန် အာဒိုဂန်က ညွှန်ကြားခဲ့ပြီး အလားတူ ကုန်သွယ်မှုမျိုးကို ဥရောပသမဂ္ဂနှင့် လုပ်ဆောင်ရန် အသင့်ရှိသည် ဟုလည်း ပြောထားသည်။

Ref: Sputnik

Read 196 times Last modified on Friday, 17 August 2018 10:33