SJ WorldNews - шаблон joomla Авто

တိုယိုတာ ကုမ္ပဏီက တရုတ်နိုင်ငံ၌ မော်တော်ကား ထုတ်လုပ်မှုကို ၂ဝ ရာခိုင်နှုန်း တိုးမြှင့်မည်

Monday, 20 August 2018 09:43 font size decrease font size decrease font size increase font size increase font size

ပေကျင်း သြဂုတ် ၁၉

ဂျပန်နိုင်ငံမှ တိုယိုတာ မော်တော်ကား ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ ၄င်းတို့၏ မော်တော်ကား ထုတ်လုပ်မှု ပမာဏကို ၂ဝ ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဟု အဆိုပါ ကုမ္ပဏီက ထုတ်ပြန်သည်။

တိုယိုတာကုမ္ပဏီသည် ထျန်းကျင်းမြို့ရှိ စက်ရုံမှ တစ်နှစ်လျှင် မော်တော်ကား အစင်းရေ ၁၂ဝဝဝဝ ခန့် ပိုမိုတိုးမြှင့် ထုတ်လုပ် မည့်အပြင် ကွေ့ကျိုးမြို့ရှိ စက်ရုံမှ မော်တော်ကား ထုတ်လုပ်မှု ပမာဏကိုပါ၂၄ ရာခိုင်နှုန်း တိုးမြှင့်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ ထို့ကြောင့် ထျန်းကျင်းနှင့် ကွေ့ကျိုးမြို့တို့ရှိ စက်ရုံများမှ တိုးမြင့်လာမည့် မော်တော်ကား ထုတ်လုပ်မှု ပမာဏသည် တစ်နှစ်လျှင် အစီးရေ ၂၄ဝဝဝဝ ရှိမည်ဖြစ်ပြီး လက်ရှိ ထုတ်လုပ်နေသည့် ပမာဏထက် ၂ဝ ရာခိုင်နှုန်း မြင့်တက် လာမည် ဖြစ်သည်။

တရုတ်နိုင်ငံရှိ တိုယိုတာ ကုမ္ပဏီ၏ မော်တော်ကား ထုတ်လုပ်မှု ပမာဏသည် တစ်နှစ်လျှင် ၁ ဒသမ ၁၆ သန်း ရှိသည်။

ကွေ့ကျိုးမြို့ စက်ရုံမှ တိုးမြှင့် ထုတ်လုပ်မည့် မော်တော်ကားများမှာ လျှပ်စစ်ကားများ ဖြစ်ကြောင်း အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

ထျန်းကျင်းနှင့် ကွေ့ကျိုးမြို့တို့ရှိ စက်ရုံများ၌ မော်တော်ကား တိုးမြှင့် ထုတ်လုပ်မည့် အစီအစဉ်သည် ၂ဝ၂ဝ ပြည့်နှစ် အစောပိုင်း မှစ၍ တရုတ်နိုင်ငံ၌ တစ်နှစ်လျှင် မော်တော်ကား အစီးရေ နှစ်သန်း ထုတ်လုပ်ရန် ရည်မှန်းထားသည့် တိုယိုတာ ကုမ္ပဏီ၏ စီမံကိန်း တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း သိရသည်။

 Ref: Reuters

Read 241 times Last modified on Monday, 20 August 2018 09:44