SJ WorldNews - шаблон joomla Авто

ကျည်ဖြည့် ထားသည့် သေနတ်ဖြင့် အတန်းဖော်များကို ချိန်သည့် အသက်ကိုးနှစ်ရှိ ကလေးငယ် နေအိမ် အကျယ်ချုပ် ချမှတ်ခံရ

Friday, 05 October 2018 09:14 font size decrease font size decrease font size increase font size increase font size

ဟျူစတန်  အောက်တိုဘာ 

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် ဘရိုဝါ့စီရင်စု၌ အသက်ကိုးနှစ်ရှိ ကျောင်းသားကလေးငယ် တစ်ဦးသည် ဖခင်၏ ကျည်ဖြည့်ထားသော သေနတ်ကို ကျောင်း သို့ယူဆောင်လာကာ အတန်းဖော်သုံးဦးကို ထိုသေနတ်ဖြင့် ချိန်၍   ခြိမ်းခြောက်ခဲ့သဖြင့် အောက်တိုဘာ ၃ ရက်တွင် နေအိမ်အကျယ် ချုပ်ပြစ်ဒဏ်ချမှတ်ခံ ရကြောင်း ဒေသတွင်း အာဏာပိုင်များ၏ပြောဆိုချက်အရ   သိရသည်။

တတိယတန်းတက်နေသည့် အဆိုပါ ကလေးငယ်သည် ကျည်ဖြည့်ထားသော သေနတ်ကို ကိုင်ဆောင်၍ အတန်းဖော် သုံးဦးကို အနိုင်ကျင့် ခြိမ်းခြောက်သည့် အပြုအမူနှင့် စကားများကိုပြောဆိုခဲ့ကြောင်း ထိုကလေးငယ် သုံးဦး၏ပြောဆိုချက်ကိုကိုးကား၍ ရဲတပ်ဖွဲ့ကဆိုသည်။

စာသင်ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ၎င်းသေနတ်ကို သိမ်းဆည်းကာ ကလေးငယ်ကို ဖမ်းဆီးခဲ့ရကြောင်းနှင့် မည်သည့် မတော်တဆမှုမျှမရှိဘဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။

အဆိုပါကလေးငယ်သည် စာသင်ကျောင်း ဝင်းအတွင်း လက်နက်လက်ဝယ်တွေ့ရှိမှုနှင့် အတန်းဖော်သုံးဦးကို ခြိမ်းခြောက်မှု တို့ဖြင့် တရားရင်ဆိုင်ရသည်။ အောက်တိုဘာ ၃ ရက်တွင် အဆိုပါအမှုကိုရုံးထုတ်စစ်ဆေး ခဲ့ပြီး ဘရိုဝါ့စီရင်စု တရားသူကြီး အယ်လီ ဂျက်ဝီလျံက ကလေးငယ်ကိုအင်တာနက်နှင့်  လူမှုကွန်ရက်များ အသုံးပြု ခွင့်နှင့် သေနတ် သို့မဟုတ် လက်နက်များ ကိုင်ဆောင်ခွင့် တားမြစ်လိုက်သည့်အပြင် သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက် ခံရသည့် အတန်းဖော်သုံးဦး နှင့်လည်း အဆက်အသွယ်မပြုစေဘဲ နေအိမ်၌   ရက်သတ္တ သုံးပတ်ကြာ အကျယ်ချုပ်ဖြင့် နေထိုင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Read 101 times Last modified on Friday, 05 October 2018 09:16