SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တရုတ်က အမေရိကန်ဒေါ်လာ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်ကို အဲဘတ်(စ်) ကုမ္ပဏီ နှင့် လက်မှတ်ထိုးရန်စီစဉ်

Friday, 05 October 2018 09:40 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံသည် ဥရောပလေယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် အဲဘတ်(စ်) ကုမ္ပဏီနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးရန် စီစဉ်နေသည်။ အကယ်၍ ယင်း သဘောတူညီချက်ကို လက်မှတ်ထိုးဖြစ်ပါက အမေရိကန် ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့ မှုနှင့် အခွန်တိုးမြှင့် ကောက်ခံမှုကို ရှောင်တိမ်းရန် ရည်ရွယ်ထားသည့် ဥရောပသမဂ္ဂ၏ ဥပဒေ ပြဋ္ဌာန်းမှု အသစ်ကို စမ်းသပ်နိုင်မည်ဖြစ်သည်။

အဆိုပါ သဘောတူညီချက်သည် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံတန်ဖိုးရှိပြီး အကြမ်းဖျင်း အားဖြင့် A320 Neo အမျိုးအစား လေယာဉ်အစင်းပေါင်း ၁၈ဝ ကို ထုတ်လုပ်မည့် အစီအစဉ် ပါဝင်သည်ဟု Bloomberg သတင်းဌာနက ဖော်ပြသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အဲဘတ် (စ်) ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် တွန်အန်ဒါနှင့် လေကြောင်း ပျံသန်းရေး အဖွဲ့ဥက္ကဋ္ဌ ဂွေလော်မီဖျူရီက တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ် အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် ဆွေးနွေး မည်ဖြစ်သည်။

တရုတ်နှင့် ဥရောပသမဂ္ဂတို့သည် အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုနှင့် အခွန်တိုးမြှင့် ကောက်ခံမှု ကို ရှောင်ရှားနိုင်ရန်နှင့် တုံ့ပြန်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ တရုတ် အစိုးရက အမေရိကန်၏ အခွန်တိုးမြှင့် ကောက်ခံမှုကို တုံ့ပြန်သည့် အနေဖြင့် နိုင်ငံအတွင်းရှိ အဓိကရေနံ ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် ဆီနိုပက် ကုမ္ပဏီက အမေရိကန် ပြည်ထောင်စုမှ ရေနံစိမ်း တင်သွင်းနေခြင်း ကို ရပ်တန့် လိုက်သည်။ အလားတူ ဥရောပ သမဂ္ဂကလည်း အမေရိကန်၏ အခွန်တိုးမြှင့် ကောက်ခံမှုကို ရှောင်ရှားနိုင်ရေး အတွက် တရုတ်၊ အီရန် စသည့် နိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်မှုကို တိုးမြှင့်လာသည်။ အကြောင်းရင်းမှာ အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုခံထားရ သည့် အီရန်နိုင်ငံ၌ ဥရောပသမဂ္ဂ အဖွဲ့ဝင် ပြင်သစ်နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ပေး ရန်လိုအပ်သောကြောင့် ဖြစ်သည်။

အမေရိကန်၏ အရေးယူ ပိတ်ဆို့မှုကြောင့် ပြင်သစ် ရေနံကုမ္ပဏီကြီး ဖြစ်သည့် တိုတယ် ကုမ္ပဏီ အပါအဝင် အခြားကုမ္ပဏီ အများအပြားမှာ အီရန်မှထွက်ခွာ သွားရသောကြောင့် ပြင်သစ် နိုင်ငံအနေဖြင့် ဒေါ်လာဘီလီယံ ပေါင်းများစွာ နစ်နာလျက်ရှိသည်။ ယင်းကဲ့သို့ နောက်ဆက်တွဲ ဆိုးကျိုးများကို လျှော့ချနိုင်ရန် ဥရောပသမဂ္ဂက အာရှအင်အားကြီး တရုတ် နိုင်ငံနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နေခြင်းဖြစ်သည်။

Ref: Sputnik

Read 242 times Last modified on Friday, 05 October 2018 09:43