SJ WorldNews - шаблон joomla Авто

ဂျပန်နိုင်ငံ၏ စီးပွားရေးမူဝါဒကို ပြုပြင်စစ်ဆေးရန် IMF အကြီးအကဲ တိုက်တွန်း

Friday, 05 October 2018 09:43 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့တတိယ စီးပွားရေး အင်အားကြီး ဂျပန်နိုင်ငံ၌ ငွေကြေးဖောင်းပွမှု နိမ့်ကျခြင်း၊ စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းနှင့် အသက်အရွယ် ကြီးရင့်လာသူအရေ အတွက်မြင့်တက် လာခြင်း တို့ကြောင့် နိုင်ငံ၏ စီးပွားရေး မူဝါဒကို အလုံးစုံ စစ်ဆေးပြုပြင်ရန် IMF အကြီးအကဲ ခရစ် စတင်းလဂါ့က အောက်တိုဘာ ၄ ရက်တွင် တောင်းဆိုထားသည်။

ဘဏ္ဍာရေးဆိုင်ရာ လှုံ့ဆော်အားပေးမှု၊ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုများနှင့်အတူ လွန်ကဲစွာ ဖြေလျှော့ပေးထားသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ စီးပွားရေးမူဝါဒကို ပြန်လည်ကြည့်ရှု စစ်ဆေးရန် ခရစ်စတင်းလဂါ့က တောင်းဆိုထားခြင်း ဖြစ်သည်။

ယင်းမူဝါဒများ ပြုပြင်ရန် လိုအပ်သည်ဟု ယူဆရပြီး ၎င်းတို့၏ သုံးသပ်ချက်အရ အခြေခံ သဘောတရားများက ခိုင်မာသော်လည်း ပိုမိုကျယ်ပြန့်ရန်၊ အားဖြည့်ရန်နှင့် အရှိန်မြှင့်ရန် လိုအပ် ကြောင်း ခရစ်စတင်းလဂါ့က ပြောသည်။

ဂျပန်နိုင်ငံ၌ အသက်အရွယ်ကြီးရင့်သူ အရေအတွက် ဆက်လက်မြင့်တက်နေသဖြင့် ဂျပန် အစိုးရ ရင်ဆိုင်နေရသော စီးပွားရေး စိန်ခေါ်မှု ကြီးမားလာမည်ဖြစ်ပြီး စီးပွားရေးနှင့် လူဦးရေ ပမာဏနှစ်ခုစလုံးက လာမည့် နှစ်ပေါင်း ၄ဝ ကျော်တွင် လေးပုံတစ်ပုံခန့် လျော့ကျလာမည်ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

ယခုနှစ်တွင် ဂျပန်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၁ ဒသမ ၁ ရာခိုင်နှုန်းရှိပြီး လာမည့် နှစ်တွင် သုညဒသမ ၉ ရာခိုင်နှုန်းသာ ရှိမည်ဖြစ်ကာ စီးပွားရေး တိုးတက်မှု လျော့ကျလာ မည်ဖြစ်ကြောင်း IMF ကခန့်မှန်းထားသည်။ ထို့ပြင် ဂျပန်နိုင်ငံ၏ အလုပ်သမား ဈေးကွက်၌ အမျိုးသား၊ အမျိုးသမီး ကွာဟမှုကို လျှော့ချရန် ပိုမိုလုပ်ဆောင်နိုင်ကြောင်း အမျိုးသမီးများ အခွင့်အရေး အဓိက ထောက်ခံသူနှင့် ကမ္ဘာကျော် အမျိုးသမီးများအနက် တစ်ဦးဖြစ်သူ ခရစ် စတင်းလဂါ့ကပြောထားသည်။

ဂျပန် အမျိုးသမီးများစွာကို အလုပ်သမား အင်အားတွင် ထောက်ခံအားပေးသင့်ပြီး ကာလ ရှည်ကြာ အလုပ်တာဝန် ထမ်းဆောင်စေရေး ထောက်ခံမှုသည် အစိုးရ၏ လက်ရှိရင်ဆိုင် နေရသော စိန်ခေါ်မှုများကို တုံ့ပြန်ပေးမည့် အချက်တစ်ခုဖြစ်မည်ဟု ထင်မြင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဂျပန်စီးပွားရေးနှင့် ပတ်သက်၍ IMF ၏ နှစ်စဉ် အစီရင်ခံစာတွင် အခြားတိုက်တွန်းထားသော ဆောင်ရွက်ချက်များအနက် ကလေးသူငယ်များ စောင့်ရှောက်ရေး၊ သူနာပြုလုပ်ငန်းများ တိုးမြှင့်ရေးနှင့် အမျိုးသား၊ အမျိုးသမီးအကြား လစာကွာဟမှု လျှော့ချရေးတို့ ပါဝင်သည်။

Ref: AFP

Read 61 times Last modified on Friday, 05 October 2018 09:44