SJ WorldNews - шаблон joomla Авто

အမေရိကန်ပစိဖိတ်ရေယာဉ်စုက စစ်အင်အားပြဖို့စီစဉ်

Friday, 05 October 2018 09:44 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် အောက်တိုဘာ ၎

အမေရိကန် ပြည်ထောင်စုမှ ပစိဖိတ်ရေယာဉ်စုသည် တရုတ်နိုင်ငံကို သတိပေးရန်နှင့် တရုတ် စစ်ဘက်၏ လှုပ်ရှားမှုများကို တားမြစ်နိုင်ရေးအတွက် တစ်ကမ္ဘာလုံးဆိုင်ရာ စစ်အင်အားပြမှု တစ်ခုကို လုပ်ဆောင်ရန် စီစဉ်လျက် ရှိကြောင်း အမေရိကန် စစ်ဘက်တာဝန်ရှိသူ များ၏ ပြောဆိုချက်များကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြထားသည်။

အဆိုပါ စစ်အင်အားပြမှုကို အမေရိကန် ရေတပ်က အဆိုပြု တင်သွင်းထားခြင်းဖြစ်ပြီး နိုဝင်ဘာလ၏ သီတင်းပတ် တစ်ပတ်အတွင်းမှာပင် အမေရိကန် စစ်ရေယာဉ်များ၊ တိုက်လေ ယာဉ်များနှင့် တပ်ဖွဲ့ဝင်များ ပါဝင်သည့် စစ်ဆင်ရေးများကို ဆက်တိုက်ပြုလုပ်သွားမည် ဖြစ် သည်။ ထိုသို့ ပြုလုပ်ရခြင်းသည် အမေရိကန် ပြည်ထောင်စုအနေဖြင့် ဖြစ်ပေါ်လာ နိုင်သော ရန်သူများ၏ တိုက်ခိုက်မှုများကို မည်မျှမြန်မြန် ဆန်ဆန် တုံ့ပြန်နိုင်ကြောင်း ပြသလိုခြင်း ဖြစ်သည်ဟု CNN သတင်းဌာနက ဆက်လက် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတကာ ရေပြင်ကို လွတ်လပ်စွာ ဖြတ်သန်း သွားလာခွင့်ရှိကြောင်း ဖော်ပြ သည့် အနေဖြင့် အမေရိကန် စစ်သင်္ဘောများနှင့် စစ်လေယာဉ်များသည် တောင်တရုတ် ပင်လယ် အတွင်းနှင့် ထိုင်ဝမ်ရေလက်ကြားတို့ရှိ တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေ အနီးမှနေ၍ ဖြတ်သန်း ခုတ်မောင်းခြင်းနှင့် ပျံသန်းခြင်းတို့ သည်လည်း အဆိုပါ စစ်အင်အားပြမှု တွင်ပါဝင်မည်ဟု ခန့်မှန်း ရသည်။ မကြာသေးမီ လများအတွင်း တရုတ်နိုင်ငံသည် စစ်ရေး လေ့ကျင့်ခန်းများစွာ ကို လူသိရှင်ကြား လုပ်ဆောင်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က လည်း နိုင်ငံ၏ အကြီးဆုံး သော စစ်ရေယာဉ် စုဆိုင်ရာပြန်လည် သုံးသပ်ခြင်းကို ဧပြီလတွင် ပြုလုပ်ခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့်လတွင် တရုတ်စစ်သည် ၃၂ဝဝ ခန့်နှင့် စစ်လေယာဉ်အစင်း ၃ဝ တို့သည် ရုရှား နိုင်ငံ၏ စစ်အေးကာလ နောက်ပိုင်း အကြီးဆုံး စစ်ရေးလေ့ကျင့်ခန်း၌ ပါဝင်ခဲ့ကြောင်း သိရ သည်။ အမေရိကန် ရေတပ်က အဆိုပြုထားသည့် ယင်းစစ်အင်အားပြမှုကို ပစိဖိတ် သမုဒ္ဒရာ အတွင်း လုပ်ဆောင်ရန် ရည်ရွယ်ထားသော်လည်း တောင်အမေရိက အနောက်ဘက် ကမ်းရိုး တန်းအထိ လုပ်ဆောင်နိုင်ကြောင်း CNN သတင်းဌာန ကဖော်ပြထားသည်။

Ref: Bloomberg

Read 122 times Last modified on Friday, 05 October 2018 09:45