SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တောင်အာရှတစ်ဝန်းတွင် ရေကြီးမှုများကြောင့် အရေးပေါ်ထောက်ပံ့မှုများပေးရန် နိုင်ငံတ ကာကြက် ခြေနီ အဖွဲ့တောင်းဆို

Thursday, 07 September 2017 10:07 font size decrease font size decrease font size increase font size increase font size

ဒါကာ  စက်တင်ဘာ 

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါနှင့် ပါကစ္စတန်နိုင်ငံ တစ်ဝန်းရှိ ရေကြီးမှုများဖြစ်ပွားသော ဒေသများမှ ဒေသခံထောင်ပေါင်းများစွာသည်ပြန်လည် ထူထောင်ရေး အတွက် ကြိုးစားရုန်းကန်ရ လျက်ရှိ

သဖြင့် အရေးပေါ်ထောက်ပံ့မှုများပေးရန်နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့အစည်း IFRC)က တောင်းဆိုထားသည်။တောင်အာရှဒေသတစ်ဝန်းတွင် ဆယ်စုနှစ်များစွာ အတွင်း အဆိုးရွား ဆုံးရေကြီးမှုများဖြစ်ပွားခဲ့ သဖြင့် ဒေသခံ ငါးသန်းကျော်သည် ၎င်းတို့၏နေအိမ်များကို ဆုံးရှုံးရကြောင်း၊ အချို့ ဒေသများတွင် ရွာလုံး ကျွတ်နီးပါး ရေစီးနှင့် အတူမျောပါသွားသဖြင့် နိုင်ငံတကာ အနေဖြင့် ထောက်ပံ့ ကူညီမှု များပေးရန်တာဝန်ရှိကြောင်းအာရှပစိဖိတ်ရေးရာလက်ထောက်ညွှန်ကြားရေးမှူး မာတင် ဖောလာ၏ပြောဆိုချက်ကို ကိုးကား၍   IFRC ကအစီ အရင် ခံစာ တစ်စောင် တွင် ပြောသည်။

ထို့ပြင် ရေလွှမ်းမိုးမှုများကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊   ငှက်ဖျားရောဂါနှင့် သွေးလွန် တုပ်ကွေး ရောဂါတို့အဆိုးဝါးဆုံးဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ရေကြီးမှုများကြောင့် ဒေသခံ ၄၁ သန်းကျော် ထိခိုက်ခံစားရကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ် ဝန်းနှင့် နီပေါနိုင်ငံတောင်ပိုင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းတို့တွင် ရေကြီးမှုများကြောင့်ရွှံ့နွံများဖြင့် ဆောက်လုပ် ထားသောတဲများ တစ်စစီ ပျက်စီးကြောင်း   IFRC ကဆက်လက်ပြောသည်။ဒေသ အများစုတွင်    ရေကြီးမှုများမှာ လျော့ကျ လာပြီဖြစ်သော်လည်း အရေးပေါ် ထောက်ပံ့မှု များပြတ် လပ်နေပြီး   ကောက်ပဲသီးနှံ စိုက်ခင်း များပျက် စီးကြောင်း  သိရသည်။

Read 455 times Last modified on Thursday, 07 September 2017 10:11