SJ WorldNews - шаблон joomla Авто

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ဝင်လာသူများကို တင်းကျပ်ရန် ဗြိတိန်စီစဉ်

Thursday, 07 September 2017 10:18 font size decrease font size decrease font size increase font size increase font size

လန်ဒန်   စက်တင်ဘာ  

ဗြိတိန်အစိုးရသည် နိုင်ငံအတွင်းသို့ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ ဝင်လာသူ ဦးရေကို တင်းကျပ်ရန် စီစဉ်လျက်ရှိကြောင်း ပေါက်ကြားလာသည့် အစိုးရ သတင်းအချက် အလက်တစ်ခုတွင် ဖော်ပြ ထားသည်။

သို့ရာတွင် အရည်အချင်းမြင့်မားသူများအား နိုင်ငံအတွင်းသို့ဝင်ရောက်ခွင့်ပြုရန် ဗြိတိန်အစိုးရ က စီစဉ် ထားခြင်းကြောင့် ဗြိတိန်ကုမ္ပ ဏီ အချို့က စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။ ဗြိတိန်နိုင် ငံရှိ အကျွေးအမွေးတာဝန်ယူသည့် လုပ်ငန်းများ၊ လူမှုရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လက်လီရောင်း ချမှုလုပ်ငန်း အများအပြားသည် ပြည်ပမှ ဝင်ရောက်လာ သည့် ရွှေ့ပြောင်း အလုပ်သမားများ၏ လုပ်အား အပေါ် အမှီသဟဲပြုနေရခြင်းဖြစ်သည်။

ထို့ကြောင့် အစိုးရအနေဖြင့် ဥရောပသမဂ္ဂအဖွဲ့မှ နုတ်ထွက်ပြီးနောက် လူဝင်မှု အပေါ် တင်းကျပ်သည့်  မူဝါဒများ ချမှတ်မည်ဆိုပါက ဗြိတိန်စီးပွားရေးလုပ်ငန်းအချို့အနေဖြင့် တို့လို အပ် သည့် အလုပ်သမားများကိုရှာဖွေရန် အခက်အခဲတွေ့ကြုံမည်ကို စိုးရိမ်မကင်းဖြစ် လျက်ရှိသည်။

ထို့ပြင် ဗြိတိန်ကုမ္ပဏီများအနေဖြင့် ပြည်ပမှ ဝင်လာသူများထက် နိုင်ငံသားများကိုသာ ခန့်အပ် ရေး အဓိကထားဆောင်ရွက်ရန် ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ဟု ပြည်ထဲရေး ဝန်ကြီး ဌာနက ပြောကြောင်း The   Guardian  သတင်းစာသို့ပေါက်ကြားခဲ့သည့် သတင်းတွင် ဖော်ပြ ထားသည်။

အဆိုပါ  သတင်းအချက်အလက်နှင့် စပ်လျဉ်း၍  အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက တစ်စုံ တစ်ရာ မှတ်ချက်ပြုပြောခြင်း မရှိသော်လည်း အစိုးရအနေဖြင့် ဗြိတိန်နိုင်ငံ၏ နယ်စပ်များကို ပြန် လည် ထိန်းချုပ်နိုင်ရေး ကနဦး လူဝင်မှုဆိုင်ရာစနစ်သစ်တစ်ရပ်ကို ချမှတ်လျက်ရှိသည်ဟု ပြောထား ကြောင်း သိရသည်။                   

Read 426 times Last modified on Thursday, 07 September 2017 10:21