SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

THAADဒုံးကျည်စနစ်လေးခုကို တောင်ကိုရီးယားနိုင်ငံမြောက်ပိုင်းတွင် ထပ်မံဖြန့်ကြက်မည်

Thursday, 07 September 2017 10:24 font size decrease font size decrease font size increase font size increase font size

ဆိုး   စက်တင်ဘာ  

တောင်ကိုရီးယား အစိုးရသည် အမေရိကန်ပြည်ထောင်စု၏ THAAD ဒုံးကျည်စနစ်လေးခုကို နိုင် ငံမြောက် ပိုင်း တွင်ထပ်မံဖြန့်ကြက်သွားမည်ဟု ဒေသတွင်းမီဒီယာကြီးတစ်ခု ဖြစ် သည့် 

Yonhap သတင်းအေဂျင်စီကစက်တင်ဘာ ၆ ရက်တွင် ထုတ်ပြန်သည်။တောင်ကိုရီးယား အစိုးရသည် မြောက်ကိုရီးယားနိုင်ငံကနျု ကလီးယား စမ်းသပ်မှု ပြုလုပ်ပြီး နောက် အဆိုပါဒုံးကျည် စနစ် များကို ဂျုန်ဆန်ပြည်နယ် အတွင်းရှိ ဆုန်ဂျူးစစ်အခြေစိုက် စခန်း၌ စက်တင်ဘာ ၇ ရက်တွင် ဖြန့်ကြက်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍  သတင်းအေ ဂျင်စီ ကဖော်ပြသည်။

THAAD ဒုံးကျည်စနစ်များကို မြောက်ကိုရီးယား၏ ပဲ့ထိန်းဒုံးကျည်နှင့်နု  ကလီးယား စမ်းသပ်မှုများ ကြောင့်ကိုရီးယားကျွန်းဆွယ်ပေါ်တွင်တင်းမာမှုများမြင့်တက်နေစဉ် တောင်ကိုရီး ယားနိုင် ငံ၌  ဖြန့်ကြက် ရန် အမေရိကန်နှင့် တောင်ကိုရီးယားအစိုးရတို့က၂ဝ၁၆ ခုနှစ်အတွင်း  သဘော တူခဲ့ခြင်းဖြစ်သည်။

သို့ ရာတွင် တောင်ကိုရီးယားနိုင်ငံ၌ THAAD ဒုံးကျည်များတိုးမြှင့်ဖြန့်ကြက်ခြင်းသည် နုကလီးယား ဘေးကျပ်နံကျပ်အခြေ အနေကို ပိုမိုဆိုးရွားလာစေနိုင်ပြီး ရန်စမှုကို ပိုမိုဖြစ် စေလာ နိုင် သည် ဟု တရုတ်နှင့် ရုရှားတို့က ပြောထားသည်။

 

Read 490 times