SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

တရုတ်၌ ဆောင်းဦးနှင့်ဆောင်းရာသီကာလအတွင်း မီးခိုးမြူများပိုမိုထူထပ်နိုင်ဟု အစိုးရ သတိ ပေး

Thursday, 07 September 2017 10:32 font size decrease font size decrease font size increase font size increase font size

ရှန်ဟိုင်း   စက်တင်ဘာ 

ဆောင်းဦးနှင့်ဆောင်းရာသီကာလတွင် ရာသီဥတု ပုံမှန် မဟုတ်ခြင်းကြောင့် မီးခိုးမြူ များပိုမိုထူ ထပ်နိုင် ကြောင်း တရုတ်နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာဝန်ကြီးက

သတိပေးထားပြီး ၂ဝ၁၇ ခုနှစ်လေထုညစ်ညမ်းမှုကင်းစင်စေရေး ဦးတည်ချက်အရ အရေး ပေါ်ဆောင်ရွက်ချက်များကိုပြုလုပ်သွားမည်ဟု ကတိပြုထားသည်။

ဆောင်း ဦးနှင့်ဆောင်းရာ သီကာလ အတွက်ရာသီဥတုကြိုတင်ခန့်မှန်းချက်မှာ မကောင်း မွန်နိုင် ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာဝန်ကြီးဌာနက ¤င်းတို့၏ဝက်ဆိုက်၌ ဖော်ပြ သည်။

တရုတ်အစိုးရသည် မီးခိုးမြူများထူထပ်မှုကြောင့် ပြည်သူလူထု၏ကျန်းမာရေးထိခိုက် ခြင်းကို ကာကွယ်ရန် အတွက် ၂ဝ၁၄ ခုနှစ်မှစတင်၍ လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို စ တင်ဆောင် ရွက်သည်။

တရုတ်နိုင်ငံ၌ ၂ဝ၁၅ ခုနှစ်တွင် လေထုညစ်ညမ်းမှုနှင့်ဆက်စပ်နေသော ပြဿနာများကြောင့် သေဆုံး သူ ၁ ဒသမ ၁ သန်းရှိကြောင်း အမေရိကန်အခြေစိုက်ကျန်းမာရေးဌာနကဆိုသည်။

၂ဝ၁၇ ခုနှစ်တွင်  လေထုညစ်ညမ်းမှုကင်းစင်စေရေးဦးတည်ချက်အရ ဆောင်းရာသီ ကာလ တွင် နိုင်ငံမြောက်ပိုင်းရှိ မီးခိုးမြူများထူထပ်စွာကျရောက်လေ့ရှိသော မြို့ကြီး ၂၈ မြို့၌ လေထုညစ် ညမ်းမှုကင်းစင်စေရေး အတွက်ပြင်းပြင်းထန်ထန် ဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်း မာရေး ဌာနက သြဂုတ်လတွင်ပြောသည်။

ထို့ပြင် အောက်တိုဘာလမှ မတ်လအထိ PM 2.5 ဟုခေါ်သည့်လေထုအတွင်း အသက် ရှူရ ခက်ခဲနိုင်သော အမှုန်ပါဝင်မှုကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချမည်ဖြစ်ကြောင်း ပေကျင်းမြို့ တော်နှင့် တီရန်ကျင်းဆိပ်ကမ်းမြို့တို့တွင်၂၅ ရာခိုင်နှုန်းအထိလျှော့ချမည်ဖြစ်ကြောင်း အဆိုပါ ကျန်း မာရေးဌာနက ကတိပြုထားသည်။

သို့သော် အာတိတ်ဒေသတွင် ရေခဲများအရည်ပျော်ပြီး ပစိဖိတ်သမုဒ္ဒရာပူနွေးမှုနှင့် ပေါင်းစပ်မှု ကြောင့် ဆိုက်ဘေးရီးယားမှ တရုတ်နိုင်ငံတောင်ပိုင်း အထိ အအေးလျော့နည်းနိုင်ပြီး ရာသီဥတု အခြေ အနေမှာ ပိုမိုပူနွေးလာကာပုံမှန်ထက် စိုထိုင်းဆမြင့်နိုင်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာဝန်ကြီးဌာနက သတိပေးထားသည်။

Read 396 times Last modified on Thursday, 07 September 2017 10:33