SJ WorldNews - шаблон joomla Авто

ကင်ဂျုံနန်ကို သတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီးကို ပြန်လွှတ်ပေးရန် ဗီယက်နမ် အစိုးရ တောင်းဆို

Thursday, 14 March 2019 11:26 font size decrease font size decrease font size increase font size increase font size

ဟနွိုင်း မတ် ၁၃

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ အဖေတူအမေကွဲအစ်ကို ကင်ဂျုံနန်ကို သတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် ဗီယက်နမ် အမျိုးသမီးကို ပြန်လွှတ်ပေးရန် ဗီယက်နမ်အစိုးရက မလေးရှား အစိုးရကို တောင်းဆိုခဲ့ကြောင်း သိရသည်။

ကင်ဂျုံနန် လုပ်ကြံခံရမှုတွင် ဗီယက်နမ် အမျိုးသမီးနှင့်အတူ စွပ်စွဲခံထားရသည့် အင်ဒိုနီးရှား အမျိုးသမီးကို မလေးရှား တရားရုံးက ပြန်လွှတ်ပေးပြီးနောက် ဗီယက်နမ် အစိုးရက ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မလေးရှား အစိုးရ အနေဖြင့် ထိန်းသိမ်းခံ ထားရသည့် ဗီယက်နမ်အမျိုးသမီး ဒုန်သီဟွန်အပေါ် မျှတစွာ တရားစီရင်ဆုံးဖြတ်ရန် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဖမ်ဘင်းဘင်းက မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆာအီဖူ ဒင်အဗ္ဗဒူလာထံ မေ ၁၂ ရက်တွင် တယ်လီဖုန်း မှတစ်ဆင့် တောင်းဆိုခြင်း ဖြစ်သည်။ ထို့ပြင် ဒုန်သီဟွန်ကို ပြန်လွှတ်ပေးရန် ဗီယက်နမ် တရားရေးဝန်ကြီး လီသန်လောင်က မလေးရှား ရှေ့နေချုပ် တော်မီသောမတ်ထံသို့ သီးခြား စာတစ်စောင် ပေးပို့၍ တောင်းဆိုထားသည်။

ကင်ဂျုံနန်သည် ကွာလာလမ်ပူမြို့ရှိ လေဆိပ်၌ အာရုံကြော ပျက်စီးစေသည့် ဓာတုပစ္စည်းတစ်မျိုး ဖြစ်သည့် VX အဆိပ်ဖြင့် လုပ်ကြံအသတ်ခံရခြင်း ဖြစ်သည်ဟု မလေးရှား အာဏာပိုင်များက ယူဆထားကြောင်း သိရသည်။

Ref: Reuters

Read 4 times Last modified on Thursday, 14 March 2019 11:33