SJ WorldNews - шаблон joomla Авто

ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ရန် ဗြိတိန်အောက်လွှတ်တော်က ထပ်မံပယ်ချ

Thursday, 14 March 2019 11:33 font size decrease font size decrease font size increase font size increase font size

လန်ဒန် မတ် ၁၃

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန် နောက်ဆုံးကြိုးပမ်းချက်ဖြစ်သော ဝန်ကြီးချုပ် ထရီဆာမေ၏ အစီအစဉ်ကို ထောက်ခံမဲ ၂၄၂ မဲ၊ ကန့်ကွက်မဲ ၃၉၁ မဲဖြင့် ဗြိတိန်အောက်လွှတ်တော်က မတ် ၁၂ ရက်တွင် ထပ်မံ ပယ်ချလိုက်ကြောင်း သိရသည်။

ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှ မနုတ်ထွက်နိုင်ခြင်းက Brexit ဖြစ်စဉ်တွင် သဘောတူညီချက် မရဘဲ နုတ်ထွက်ခြင်းထက် အန္တရာယ်များနှင့် ပိုမိုရင်ဆိုင်ရမည် ဖြစ်ကြောင်း ဗြိတိန်၏ Brexit ရေးရာဝန်ကြီး စတီဖင်ဘာကလေးက မတ် ၁၃ ရက်တွင် ပြောသည်။

ဗြိတိန်လွှတ်တော် အနေဖြင့် Brexit သဘောတူညီချက် ချမှတ်နိုင်မည့် နောက်ဆုံး အခွင့်အရေးကို ဆုံးရှုံးခဲ့သည်ဟု ဥရောပသမဂ္ဂ၏ စီးပွားရေးဆိုင်ရာ မဟာမင်းကြီး ပီအာရီမော့ကော့စီက ပြောပြီးနောက် စတီဖင် ဘာကလေး၏ သုံးသပ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဗြိတိန်အနေဖြင့် မကြာသေးမီက ရှုံးနိမ့်သော မဲအတည်ပြုချက်သည် ဆန္ဒမရှိသော အရာကို ထင်ဟပ်နေသည့်အတွက် ယခုအချိန်တွင် ဆန္ဒရှိသည့်အရာကို ပြောရမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂသည် Brexit အတွက် တက်ကြွစွာ ပြင်ဆင်ရေး စတင်ရမည် ဖြစ်ကြောင်း စတီဖင်ဘာကလေးက ဆိုသည်။

ဗြိတိန်ဝန်ကြီး များအနေဖြင့် အိုင်ယာလန်နယ်စပ်နှင့် စပ်လျဉ်း၍ လျှို့ဝှက်သွင်းကုန် အခွန်အစီအစဉ်များကို မကြာမီ ထုတ်ဖော်ပြောရန် စီစဉ်ထားသည်ဟု Daily Mail သတင်းဌာနက ထုတ်ပြန်ပြီးနောက် ယင်းသုံးသပ်ချက်များ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

Ref: Sputnik

Read 16 times Last modified on Thursday, 14 March 2019 11:34