SJ WorldNews - шаблон joomla Авто

နိုင်ငံ၏ ဝေဟင်ပိုင်နက် အတွင်း Boeing 737 MAX လေယာဉ်များ ဝင်ရောက် ပျံသန်းခြင်းကို အိန္ဒိယ အစိုးရပိတ်ပင်

Thursday, 14 March 2019 11:34 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ မတ် ၁၃

အီသီယိုးပီးယား လေကြောင်းလိုင်းမှ ဘိုးအင်းကုမ္ပဏီထုတ် လေယာဉ်တစ်စင်းသည် မတ် ၁ဝ ရက်တွင်ပျက်ကျမှု ဖြစ်ပွားပြီးနောက် နိုင်ငံ၏ ဝေဟင်ပိုင်နက်အတွင်း အဆိုပါ Boeing 737 MAX လေယာဉ်များ ဝင်ရောက် ပျံသန်းခြင်းနှင့် ဖြတ်သန်း သွားလာခြင်းများကို အိန္ဒိယ အစိုးရက တားမြစ်ပိတ်ပင်လိုက်ကြောင်း မတ် ၁၃ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အိန္ဒိယနိုင်ငံ၏ လေကြောင်းလိုင်းများ အားလုံးရှိ Boeing 737 MAX လေယာဉ်များ ပျံသန်းခြင်း မပြုရန် ဆုံးဖြတ်ချက်ချပြီး နာရီအနည်းငယ်အတွင်း အိန္ဒိယအစိုးရ၏ အဆိုပါ တားမြစ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ နိုင်ငံအတွင်းရှိ လေဆိပ်များ၌ အဆိုပါ Boeing 737 MAX လေယာဉ်ပျံသန်းခြင်းနှင့် ဆိုက်ကပ်ခြင်းတို့ကို တားမြစ်သွားမည် ဖြစ်ကြောင်း၊ အိန္ဒိယ ဝေဟင်ပိုင်နက်အတွင်း Boeing 737 MAX လေယာဉ်များ ပျံသန်းသွားလာခြင်းကို ဒေသစံတော်ချိန် ညနေ ၄ နာရီမှစ၍ တားမြစ် ပိတ်ပင်ထားကြောင်း အိန္ဒိယပြည်သူ့ လေကြောင်းဝန်ကြီးဌာနက ပြောသည်။

သို့သော် လေဆိပ်ရှိ လေယာဉ်များကို ထိန်းသိမ်းပြုပြင်ရေး နေရာများသို့ ရွှေ့ပြောင်းနိုင်ရန်နှင့် အမိန့်ထုတ်ချိန်တွင် လေထဲ၌ ပျံသန်းနေသော လေယာဉ်များကို ဆက်လက်ပျံသန်း၊ ဆိုက်ကပ်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။Ref: Sputnik

Read 5 times Last modified on Thursday, 14 March 2019 11:35