SJ WorldNews - шаблон joomla Авто

ဗင်နီဇွဲလား၌ လျှပ်စစ်ဓာတ်အား ပြန်လည် ရရှိရေးအတွက် တရုတ်ကကူညီရန် အသင့်ရှိ

Thursday, 14 March 2019 11:35 font size decrease font size decrease font size increase font size increase font size

ပေကျင်း မတ် ၁၃

တရုတ်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးအတွက် ကူညီရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဗင်နီဇွဲလားနိုင်ငံ၌ မကြာသေးမီက ဖြစ်ပွားသော ဓာတ်အားပေးစနစ် ဆိုက်ဘာတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂ အပါအဝင် တရုတ်၊ ရုရှား၊ ကျူးဘားနှင့် အီရန်နိုင်ငံတို့ကို သမ္မတ နီကိုလပ်မာဒူရိုက တောင်းဆိုပြီးနောက် တရုတ်၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဆိုက်ဘာ တိုက်ခိုက်ခံရမှုကြောင့် ဗင်နီဇွဲလားနိုင်ငံ၏ ဒေသအများအပြားတွင် ငါးရက်ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတစ်ဝန်း၌ ဓာတ်အားပေးလိုင်းများ အားလုံး လုပ်ငန်းများ ပြန်လည် စတင်နိုင်တော့မည် ဖြစ်ကြောင်း ဗင်နီဇွဲလား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ဝန်ကြီး ဂျော့ရိုဒရီဂွတ်က မတ် ၁၂ ရက်တွင် ပြောသည်။

ဓာတ်အားလိုင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အမေရိကန်နှင့် အတိုက်အခံအဖွဲ့ကို ဗင်နီဇွဲလား အစိုးရက အပြစ်တင် ဝေဖန်ထားသည်။

နိုင်ငံတစ်ဝန်း၌ ငါးရက်ကြာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီးနောက် အမေရိကန် အစိုးရက လုပ်ဆောင်သော ယင်းတိုက်ခိုက်မှု၏ အကျိုးဆက်ကို တာဝန်ရှိသူများက ဖြေရှင်းနိုင်ခဲ့ကြောင်း မာဒူရိုက ပြောသည်။

Guri Media ဟုခေါ်သော အဓိကရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံသည် မတ် ၇ ရက်တွင် ဆိုက်ဘာ တိုက်ခိုက်ခံရမှုကြောင့် ပြည်နယ်၂၃ ခုအနက်၂၁ ခုတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ကြောင်း အမျိုးသားလျှပ်စစ် ထောက်ပံ့ရေးဌာနက ထုတ်ပြန်ထားသည်။ ယင်းဆိုက်ဘာ တိုက်ခိုက်မှုတွင် ပါဝင်ခြင်းမရှိဟု အမေရိကန်က ငြင်းဆိုထားသည်။

Ref: Sputnik

Read 22 times Last modified on Thursday, 14 March 2019 11:36