SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားနိုင်ငံ၌ လေထုညစ်ညမ်းမှုကို ဖြေရှင်းနိုင်မည့် ဥပဒေကြမ်းများကို အတည်ပြု

Thursday, 14 March 2019 11:54 font size decrease font size decrease font size increase font size increase font size

ဆိုး မတ် ၁၃

တောင်ကိုရီးယား နိုင်ငံ၌ မတ် ၁၃ ရက်တွင် လေထုညစ်ညမ်းမှုကို လူမှုသဘာဝဘေးအန္တရာယ် အဖြစ် သတ်မှတ်ပြီး ကိုင်တွယ် ဖြေရှင်းနိုင်မည့် ဥပဒေကြမ်းများကို မတ် ၁၃ ရက်တွင် အတည်ပြုလိုက်ကြောင်း သိရသည်။

ထိုဥပဒေကြမ်းများကို အတည်ပြု လိုက်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အရေးပေါ် ရန်ပုံငွေ ဖန်တီးနိုင်မည် ဖြစ်ကြောင်း သိရသည်။

အာရှ၌ စတုတ္ထစီးပွားရေးအင်အားကြီး နိုင်ငံဖြစ်သော တောင်ကိုရီးယား၏ လေထုညစ်ညမ်းမှုသည် ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံများနှင့် ယာဉ်များမှ မီးခိုးများ ထုတ်လွှတ်မှု မြင့်တက်ခြင်း တို့ကြောင့် ပိုမိုဆိုးရွားလာသည်။

အဆိုပါလေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ပြည်သူများက အစိုးရကို အပြစ်တင်လာပြီး သမ္မတမွန်ဂျေးအင်းအပေါ် ထောက်ခံမှု လျော့ကျလာသည်။

လေထုညစ်ညမ်းမှုကို သဘာဝဘေးအန္တရာယ် အဖြစ် သတ်မှတ်ခြင်းဖြင့် အစိုးရက လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်သော အရေးပေါ်အခြေအနေ သို့မဟုတ် မည်သည့် အပျက်အစီးကိုမဆို ပြန်လည် ပြုပြင်ရန်အတွက် သီးသန့်ရန်ပုံငွေ ထားရှိခွင့်ရမည် ဖြစ်သည်။

ထို့ပြင် အခြားဥပဒေကြမ်းများတွင် ရေနံဓာတ်ငွေ့ရည် (LPG) ဖြင့် မောင်းနှင်သည့် ယာဉ်များရောင်းချခွင့်ကန့်သတ်ထားမှုကို ဖယ်ရှားခြင်းနှင့် စာသင်ကျောင်းများ၌ စာသင်ခန်းများ တွင် လေသန့်စင်စက်ထားရှိရေးကဲ့သို့သော ဆောင်ရွက်ချက်များပါဝင်သည်။

LPG ယာဉ်များသည် ဓာတ်ဆီနှင့် ဒီဇယ်စွမ်းအင် သုံးယာဉ်များထက် လေထုညစ်ညမ်းမှု လျော့နည်းစေကြောင်း သိရသည်။

တောင်ကိုရီးယားရှိ လေထုအရည်အသွေးသည် ၂ဝ၁၇ ခုနှစ်တွင် အဆင့်တူစီးပွားရေး အင်အားကြီး နိုင်ငံများအနက် အဆိုးဝါးဆုံးဖြစ်ကြောင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့၏ အချက်အလက်များအရ သိရသည်။

Ref: Reuters

Read 33 times Last modified on Thursday, 14 March 2019 11:54