SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ပါကစ္စတန်က F-16 တိုက်လေယာဉ်အုပ် တစ်အုပ်လုံးကို အိန္ဒိယနယ်စပ် တစ်လျှောက်၌် ဖြန့်ကြက်

Thursday, 14 March 2019 11:56 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ မတ် ၁၃

ပါကစ္စတန်နိုင်ငံသည် ၎င်းတို့၏ F-16 တိုက်လေယာဉ် အုပ်တစ်အုပ်လုံးကို အိန္ဒိယ နယ်စပ်တစ်လျှောက်၌ ဖြန့်ကြက်လိုက်ပြီ ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦး၏ ပြောဆို ချက်ကို ကိုးကား၍ Hindustan Times သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်အစိုးရသည် ဘာလိုချီစတန် ပြည်နယ်၌ ဖြန့်ကြက်ထားသည့် တပ်အင်အား အချို့ကို ဖေဖော်ဝါရီ ၂၈ ရက်မှစ၍ အိန္ဒိယနယ်စပ် အနီးသို့ ရွှေ့ပြောင်းထားကြောင်း ၎င်းက ဆက်ပြောသည်။ ပါကစ္စတန်လေတပ်က အမေရိကန်နှင့် ဂျော်ဒန်နိုင်ငံတို့မှ ရရှိထားသည့် Hindustan Times တိုက်လေယာဉ်များကို နယ်စပ်တစ်လျှောက်၌ ဖြန့်ကြက်ထားသည် ဟူသော အတည်ပြုသတင်းများကို ရရှိထားကြောင်း၊ ထို့ပြင် ပါကစ္စတန်စစ်ဘက်သည် ဖေဖော်ဝါရီ

၁၄ ရက်တွင် ကက်ရှမီးယားဒေသ၌ ဖြစ်ပွားသည့် တိုက်ခိုက်မှု နောက်ပိုင်းမှစ၍ ရေဒါများနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များ အပါအဝင် စစ်လက်နက်ပစ္စည်းများကို နှစ်နိုင်ငံကြားရှိ နယ်စပ်ထိန်းချုပ်ရေး မျဉ်းတစ်လျှောက်၌ ဖြန့်ကြက်ထားကြောင်း အမည်မဖော်လိုသူ အဆိုပါ အရာရှိက ပြောသည်။

နှစ်နိုင်ငံအကြား မြင့်တက်လာသည့် တင်းမာမှုများကြောင့် အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ပုံမှန်ကျင်းပမြဲဖြစ်သည့် စစ်ဆင်ရေး ညွှန်ကြားရေးမှူးချုပ်အဆင့် ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသည် နှစ်နိုင်ငံ တင်းမာမှုများကို လျှော့ချနိုင်ရန်အတွက် နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများက တယ်လီဖုန်း မှတစ်ဆင့် ပြောဆိုဆွေးနွေးသည့် ဆွေးနွေးပွဲ ဖြစ်သည်။

အိန္ဒိယ-ပါကစ္စတန် တင်းမာမှု နှင့်ပတ်သက်၍ နိုင်ငံတကာ အသိုက်အဝန်းက သံတမန်နည်းဖြင့် ဖျန်ဖြေနေသည့်ကြားမှ ပြီးခဲ့သည့် လမှစ၍ တင်းမာမှုများ ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၁၅ ရက်အတွင်း နှစ်ဖက်တပ်များအကြား အပြန်အလှန် ပစ်ခတ်မှု၊ အမြောက်ဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ နျူကလီးယားလက်နက်ပိုင် အိမ်နီးချင်း နှစ်နိုင်ငံအကြား တင်းမာနေခြင်း သည် ဒေသတွင်း တည်ငြိမ်မှုအတွက် အပြုသဘောဆောင်ခြင်းမရှိကြောင်း အမေရိကန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဆော်ဒီအာရေဗျနှင့် တရုတ်နိုင်ငံတို့က ထုတ်ပြန်သည့် ကြေညာချက်များတွင် ဖော်ပြထားသည်။

Ref: Sputnik

Read 76 times Last modified on Thursday, 14 March 2019 11:59