SJ WorldNews - шаблон joomla Авто

ဘရာဇီးနိုင်ငံရှိ စာသင်ကျောင်း တစ်ခု၌ ပစ်ခတ်မှုအတွင်း သေနတ်သမားနှစ်ဦး အပါအဝင် ၁ဝ ဦးသေဆုံး

Friday, 15 March 2019 08:15 font size decrease font size decrease font size increase font size increase font size

ဆူဇာနို   မတ်   ၁၄

ဘရာဇီးနိုင်ငံ   ဆောင်ပေါင်လိုမြို့အနီး ဆူဇာနိုမြို့ရှိ ရာအူဘရာဇီစာသင်ကျောင်း၌ မတ် ၁၃ ရက်တွင် ကျောင်းသား ဟောင်းနှစ် ဦးကသေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက်ကိုယ့်ကိုယ်ကိုယ်သတ်သေမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် စာသင်ကျောင်းမှ တာဝန်ရှိသူနှစ်ဦး၊ ဆယ်ကျော်သက် ကျောင်းသားငါးဦးနှင့် သေနတ်သမား နှစ်ဦးတို့ သေဆုံးကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။  ယင်းတိုက်ခိုက်မှုမှာ အမေရိကန်ပြည်ထောင်စု၌ ၁၉၉၉ခုနှစ်တွင် ဖြစ်ပွားသော ကိုလံအိုင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုအတုယူ၍ သေနတ်သမားနှစ်ဦးက   ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောသည်။

၎င်းသေနတ်သမားနှစ်ဦးသည် ကျောင်းသို့ မဝင်မီသေဆုံးသူ ကျောင်းသားတစ်ဦး၏ ဦးလေးကိုလည်း သေနတ်ဖြင့် ပစ်သတ်၍ ကားကို ခိုးယူခဲ့သည်။ သေဆုံးသူအများစုမှာ အသက် ၁၅ နှစ်နှင့် ၁၆ နှစ်ကြားရှိ ကျောင်းသားများဖြစ် ကြောင်း၊ ပြစ်မှုကျူးလွန်သူနှစ်ဦးမှာ အသက် ၁၇ နှစ်နှင့် ၁၅ နှစ်ရှိ ကျောင်းသားဟောင်းများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို အသက် ၁၇ နှစ်ရှိကျောင်းသားဟောင်းဂေဟာ မီတက်စီမွန်ထံရိုက ဦးဆောင်စီစဉ်ခြင်းဖြစ် ကြောင်း စစ်ဆေး ရေးမှူးကပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ကလေးငယ်များ  အပါအဝင် ၁ဝ ဦး ထိခိုက်ဒဏ်ရာရရှိပြီး အများစုမှာ စိုးရိမ်ရသည့်   အခြေအနေ တွင်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Globo ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်သည့် ဗီဒီယိုတွင် ကလေးငယ်များမှာ သေနတ်သံများကြားတွင် ကြောက်လန့် တကြားအော် ဟစ်ပြေးလွှားနေပြီး ၎င်းတို့၏ အသက်ကို ချမ်းသာပေးရန် တောင်းပန်နေကြသည်ကို တွေ့ရသည်။ ထို့ပြင် ကလေးငယ်များသည် စာသင်ကျောင်းခြံဝင်း နံရံများပေါ်သို့ ဖက်တက်ပြီးနောက် လမ်းမပေါ်သို့ ခုန်ဆင်းကာ အကူအညီ ရရှိရေး အတွက် အော်ဟစ်တောင်းခံ နေကြောင်း စာသင်ကျောင်းအနီးရှိ နေအိမ်များ၏ လုံခြုံရေး ကင်မရာ မှတ်တမ်း များတွင် တွေ့ရသည်။

Ref: Reuters

Read 7 times Last modified on Friday, 15 March 2019 10:23