SJ WorldNews - шаблон joomla Авто

ၾသစေၾတးလ် အမ်ဳိးသားက မြားဖြင့် တိုက်ခိုက်ခံရမှုကို စမတ်ဖုန်းဖြင့် ကာကွယ်

Friday, 15 March 2019 10:24 font size decrease font size decrease font size increase font size increase font size

ကန်ဘာရာ    မတ်    ၁၄

သြစတြေးလျနိုင်ငံရှိ  အမျိုးသားတစ်ဦးသည် တိုက်ခိုက်မှုတစ်ခုအတွင်း မြားဖြင့်ပစ်ခတ်တိုက်ခိုက်ခံရစဉ် စမတ်ဖုန်းကို ဒိုင်း အဖြစ်အသုံးပြုပြီး    ကာကွယ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် မတ် ၁၃ ရက် နံနက်ပိုင်းအချိန်တွင် ဆစ်ဒနီမြို့၏မြောက်ဘက် ကီလိုမီတာ ၇၅ဝ အကွာရှိ လူမှုဓလေ့ စရိုက်များကို သွေဖည်သောမြို့ဖြစ်သည့် နင်ဘင်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မာဒီဂရက် အမည်ရှိ ဆေးခြောက် ပွဲတော်၌ဖြစ်ပွား ခြင်းဖြစ်သည်။ အသက် ၄၃ နှစ်ရှိ အဆိုပါအမျိုးသားသည်    နေအိမ်အပြင်ဘက်၌ ရှိနေစဉ်   အသိအမျိုးသား တစ်ဦးက လေးကို အသုံးပြုပြီး မြားဖြင့်ပစ်ခတ်ခြင်းဖြစ်ကြောင်း  ရဲတပ်ဖွဲ့က အစီရင်ခံစာတွင် ပြောသည်။

ထိုအချိန်တွင် တိုက်ခိုက်ခံရသူအမျိုးသားက ဖြစ်စဉ်ကို မှတ်တမ်းတင်ရန်အတွက် ဖုန်းကို မြှောက်လိုက်စဉ် မြားသည် စမတ် ဖုန်းကိုဖြတ်ပြီး မေးစေ့ကို လာရောက်ထိမှန်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ တိုက်ခိုက် ခံရသူအမျိုးသားသည် မေးစေ့၌ ဒဏ်ရာရရှိ သွားသော်လည်း ဆေးကုသမှုခံယူရန် မလိုအပ်ကြောင်း သိရသည်။

လေးသမားကို အခင်းဖြစ်ပွားရာနေရာ၌ပင် ဖမ်းဆီးပြီး အနီးရှိရဲစခန်း၌ ထိန်းသိမ်းထားကြောင်းနှင့် ¤င်းကို လက်နက် ကိုင်ဆောင်မှု၊ ခန္ဓာကိုယ်ထိခိုက်နာကျင်စေမှုနှင့် မလိုမုန်းထားဒဏ်ရာရစေမှုဖြင့် တရားစွဲဆိုထားသည်။ လေးသမားသည် ယခုအခါ အာမခံရရှိ ထားပြီး ဧပြီလတွင် ရုံးတင်စစ်ဆေး ခံရမည်ဖြစ်ကြောင်း သိရသည်။     

Ref: DPA

Read 10 times Last modified on Friday, 15 March 2019 10:27