SJ WorldNews - шаблон joomla Авто

အိန္ဒိယ ကုဋေ ကြွယ် သူဌေးက ပရဟိတ အတွက် အမေရိကန်ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ရှယ်ယာများ လှူဒါန်း

Friday, 15 March 2019 10:27 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ မတ် ၁၄

အိန္ဒိယစီးပွားရေး ကော်ပိုရေးရှင်းကြီး တစ်ခု ဖြစ်သည့်  Wipro  ကုမ္ပဏီမှ ဥက္ကဋ္ဌနှင့် ကုဋေကြွယ်သူဌေး အာဇင် ပရမ်ဂျီ သည် ပရဟိတ လုပ်ငန်းများအတွက် ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ ရှယ် ယာ ၃၄ ရာခိုင်နှုန်းကို လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းမှုသည် အိန္ဒိယ နိုင်ငံသမိုင်းတွင်  ရက်ရောမှုအရှိ ဆုံးသော လှူဒါန်းမှုဖြစ်သည်။

သူဌေးကြီး ပရမ်ဂျီ အနေဖြင့် ၎င်း၏ လက်အောက်ရှိ ကုမ္ပဏီများမှ  ရှယ်ယာများကို ယတိပြတ် စွန့်လွှတ်ကာ အာဇင်ပရမ် ဂျီဖောင်ဒေးရှင်းသို့  လှူဒါန်းမည် ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းက မတ် ၁၄ ရက်တွင် ထုတ်ပြန် ထားသည်။

ယခုလှူဒါန်းမှု အပါအဝင် သူဌေးကြီး ပရမ်ဂျီ၏ ပရဟိတ လှူဒါန်းမှု စုစုပေါင်း တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၂၁ ဘီလီ ယံရှိပြီး ယင်းပမာဏတွင်  Wipro  ကုမ္ပဏီ၏စီးပွားရေး ပိုင်ဆိုင်မှုမှ ၆၇ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရသည်။

¤င်း၏ဖောင်ဒေးရှင်းသည် ပညာရေးတွင် တိုက်ရိုက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး အထူး အခွင့်အရေးမရဘဲ ဖယ်ထုတ်ခံ ထားရသည့် အိန္ဒိယ နိုင်ငံသားများကို အကျိုးအမြတ် မမျှော် ကိုးဘဲကူညီပေးနေသည့် လူမှုအဖွဲ့အစည်း ၁၅ဝ ကျော်အား နှစ်ပေါင်းများစွာကြာ ဘဏ္ဍာရေး ထောက်ပံ့မှုများ ပေးနေခြင်းဖြစ်သည်။

ယင်းဖောင်ဒေးရှင်းသည် ပညာရေးတွင် ကျွမ်းကျင်ပညာရှင်များကို မွေးထုတ်ပေးရန်နှင့်  သက်ဆိုင်ရာ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဇင်ပရမ်ဂျီ တက္ကသိုလ်ကိုလည်း ဖွင့်လှစ်ထားပြီး ယင်းတက္ကသိုလ်သည် ဘွဲ့အပ်နှင်းရေး အစီအစဉ်များနှင့် သုတေသန များကိုလည်း လုပ်ဆောင်ကြောင်း သိရသည်။

ထို့ပြင် အေဇင်ပရမ်ဂျီဖောင်ဒေးရှင်းသည် လာမည့် နှစ်များအတွင်း သိသာစွာ တိုးချဲ့မည် ဖြစ်ပြီး အိန္ဒိယ မြောက်ပိုင်းတွင် နောက်ထပ် တက္ကသိုလ်တစ်ခု တည်ဆောက်ရေး အတွက် မတည်ရန် ရည်ရွယ်ထားကြောင်း ယင်းဖောင် ဒေးရှင်းက ပြောသည်။ ပညာရေးတွင် လုပ်ကိုင်နေသော အဖွဲ့အင်အားကို လက်ရှိ ၁၆ဝဝဝမှ တိုးမြှင့်သွားမည်ဖြစ်ပြီး ငွေကြေး ထောက်ပံ့သည့် လှုပ်ရှားမှုများကိုလည်း သုံးဆတိုးမြှင့် မည်ဖြစ်သည်။

အသက် ၇၃ နှစ်ရှိ သူဌေးကြီး အာဇင် ပရမ်ဂျီသည် အိန္ဒိယနိုင်ငံ၌ ဒုတိယ အချမ်းသာဆုံး လူပုဂ္ဂိုလ်ဖြစ်ပြီး  Bloomberg  သတင်း ဌာန၏ ကမ္ဘာ့အချမ်းသာဆုံး စာရင်းတွင် နံပါတ် ၅၁ နေရာ၌ရှိကြောင်း သိရသည်။

Ref: Bloomberg

Read 9 times Last modified on Friday, 15 March 2019 10:27