SJ WorldNews - шаблон joomla Авто

အမေရိကန်၏ B-52ဗုံးကြဲလေယာဉ်နှစ်စင်း တောင်တရုတ်ပင်လယ်၌ ယခုလအတွင်း ဒုတိယအကြိမ်ပျံသန်း

Friday, 15 March 2019 10:27 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်      မတ်      ၁၄

အမေရိကန်၏ B-52 ဗုံးကြဲ လေယာဉ်နှစ်စင်းသည်  တောင်တရုတ်ပင်လယ်၏ဝေဟင်ပိုင်နက်၌  ယခုလအတွင်း  ဒုတိယ အကြိမ်ပျံသန်းမောင်း နှင်ခဲ့ကြောင်း အမေရိကန်လေတပ်၏ ပစိဖိတ်ဌာနချုပ်က အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ထားသည်။

B-52 H Stratofortress ဗုံးကြဲလေယာဉ်နှစ်စင်းသည် မတ် ၁၃ ရက်တွင် ဂူအမ်မြို့ရှိ အန်ဒါဆန်လေတပ် အခြေစိုက် စခန်းမှ  ထွက်ခွာလာပြီး တောင်တရုတ်ပင်လယ်ဝန်းကျင်တွင် လှည့်လည်ပျံသန်း လေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း အဆိုပါ အစီရင်ခံစာ၌ ဖော်ပြထားသည်။

တောင်တရုတ် ပင်လယ်အရေးသည် အမေရိကန်- တရုတ်ဆက်ဆံရေးတွင် အဟန့်အတား တစ်ခုဖြစ်သည်။ စပရတ် တလေ ကျွန်းစုသို့ တရုတ်က စစ်လက်နက်များ  ရွှေ့ပြောင်းဖြန့်ကြက် သည့်ကိစ္စနှင့်ပတ်သက်၍  အမေရိကန်က တရုတ် အပေါ် ဝေဖန်ထားသည်။

အလားတူ တရုတ်၏ ပြည်တွင်းရေးကိစ္စတွင် အမေရိကန်ကြား ဝင်စွက်ဖက်ခြင်းအပေါ် တရုတ်က ရှုတ်ချထားသည်။ တောင်တရုတ် ပင်လယ်သည်  နိုင်ငံတကာ ရေပိုင်နက်ဖြစ်ကြောင်း အမေရိကန်က သုံးသပ်ထားပြီး တရုတ်ကမူ ရေကြောင်း လွတ်လပ်ခွင့်ဟု ခေါင်းစဉ်တပ်ကာ အမေရိကန်နှင့် မဟာမိတ်နိုင်ငံများမှ စစ်သင်္ဘောများ ကင်းလှည့်ခြင်းနှင့် ဗုံးကြဲ လေယာဉ်များ ပျံသန်းမောင်းနှင်ခြင်းကို ကန့်ကွက်ထားသည်။

တောင်တရုတ်ပင်လယ်နှင့်  အရှေ့တရုတ်ပင်လယ် အရေးတို့သည် တရုတ်နှင့် ဂျပန်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်အပါအဝင်  အိမ်နီးချင်းနိုင်ငံများအကြား  သဘောထားတင်းမာရသည့် အကြောင်းအရာများလည်း ဖြစ်သည်။ အဆိုပါနိုင်ငံများ အကြား ရေကြောင်းပိုင်နက် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ယနေ့ အချိန်အထိ အငြင်းပွားနေဆဲဖြစ်သည်။

နိုင်ငံတကာ ခုံရုံးက တောင်တရုတ် ပင်လယ်အတွင်းရှိ စပရတ်တလေကျွန်းစုသည် တရုတ်နိုင်ငံပိုင်မဟုတ်ဟု စီရင်ချက် ချမှတ် ထားသော်လည်း တရုတ်က ကျွန်းတုများ တည်ဆောက်ပြီး ထိုကျွန်းစုမှာ ၎င်းတို့ ပိုင်နက်ဖြစ်ကြောင်း အခိုင်အမာ ပြောသည်။    

Ref: Sputnik

Read 34 times Last modified on Friday, 15 March 2019 10:28